လွန်စွာသတိထားရမည့် လက်ဝါးပြင်ပေါ်ကမှဲ့

Astrology
လွန်စွာသတိထားရမည့် လက်ဝါးပြင်ပေါ်ကမှဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လွန်စွာသတိထားရမည့် လက်ဝါးပြင်ပေါ်ကမှဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွန်စွာသတိထားရမည့် လက်ဝါးပြင်ပေါ်ကမှဲ့

မိတ်ဆွေ သင့်လက်ဖဝါးပြင် ဘယ် ညာ တနေရာရာမှာ မှဲ့ပေါ်လာပြီရင်ဆိုရင် သတိထားရပါတော့မယ် အဲဒီမှဲ့လေးဟာ ဘယ်လောက်ပဲသေးသေး ဘယ်လောက်ပဲကြီးကြီး သင့်လက်ဖဝါးပြင်မှပါတဲ့ကောင်းကျိုးချမ်းသာအောင်မြင်မှု လမ်းကြောင်း အမှတ်အသားတွေရဲ့စွမ်းအင်တွေကို ရပ်တန့်ဖျက်ဆီးပြစ်နိုင်လို့ပါပဲ
ခုနမူနာပြထားတဲ့ လက်ဖဝါးမှာပါတဲ့အနီ‌ရောင်စက်ဝိုင်းအတွင်းကမှဲ့သေးသေးလေးဟာ သူနဲ့အတူရှိနေတဲ့ စိမ်းဝါရောင် လေးထောင့်ကွက်အတွင်းကကောင်းကျိုးချမ်းသာပြအမှတ်အသားတွေကို ဟန့်တားပိတ်ပင်ထားပါတယ်

လေးထောင့်ကွက်အတွင်းက လက်သူကြွယ်အောက်ကဒေါင်လိုက်စင်းရယ် အသက်လမ်းကြောင်းပေါ်ကဒေါင်လိုက်အစင်းလေးရယ်ဟာ လက္ခဏာပိုင်ရှင်ကို ပျာ်ရွှင်အောင်မြင်မှုတွေ ထင်ပေါ်ကြော်ကြားတိုးတက်မှုတွေ ဖြစ်စေမှာဖြစ်ပေမယ့်
လက်ရှိမှာ ပူပင်သောကရောက်နေရတဲ့သူဖြစ်ပါတယ် အဲဒါ မှဲ့ကအစွမ်းပြနေတဲ့သဘောပါ

မှဲ့မှာကောင်းတဲ့မှဲ့တွေရှိပေမယ့် လွန်စွာနည်းပါတယ်ရှေးပညာရှိတွေက မိန်ကလေးတွေကိုအလှတရားနဲ့ပတ်သက်လာရင် ပြစ်မျိုးမှဲ့မထင် ဆိုတဲ့စကားပုံနဲ့ ခိုင်းနှိုင်းပြီး မှဲ့ကို အပြစ်တခုလို့သတ်မှတ်ပါတယ်ဗေဒင်ကျမ်းတွေကလည်း လက်ဖဝါးမှာမှဲ့ပေါက်ရင် အပြစ် ဆိုးကျိုးပေးနိုင်တယ်လို့ယူဆထားကြပါတယ် ကျွန်တော့်ရဲ့အတွေ့အကြုံအရလည်းဆိုးကျိုးပေးတာကပိုများပါတယ်ခင်ဗျ
ကဲ ဒီမကောင်းကျိုးပေးတဲ့မှဲ့ပေါက်လာပြီဆိုပါတော့ဖျက်ရတော့မယ်လေ ဘယ်လိုဖျက်မလဲ

နည်းသိရင်လွယ်ပါတယ်
ဖုဌဿ ဂါထာနဲ့ ၃၇ခေါက်ရွတ်ပြီးတခေါက်ဆုံးတိုင်း အနိစ္စ ဒုက္ခ အနတ္တ ထည့် ရွတ်နေရင်း ဇီးဆူးနဲ့ထိုးဆွရပါတယ် ဇီးဆူးမရနိုင်ခဲ့ရင်ဘာဆူးနဲ့ဖြစ်ဖြစ်ထိုးနိုင်ပါတယ် နေ့တိုင်း သတိရတိုင်းအချိန်တိုင်းလုပ်လို့ရပါတယ်

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။