တစ်သက်တာအောင်မြင်မှုဆုရရှိမယ့် နီကိုးလ်ကစ်ဒ်မန်း

Celebrity International News
တစ်သက်တာအောင်မြင်မှုဆုရရှိမယ့် နီကိုးလ်ကစ်ဒ်မန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်သက်တာအောင်မြင်မှုဆုရရှိမယ့် နီကိုးလ်ကစ်ဒ်မန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တစ်သက်တာအောင်မြင်မှုဆုရရှိမယ့် နီကိုးလ်ကစ်ဒ်မန်း

ဩစတြေးလျမင်းသမီး နီကိုးလ်ကစ်ဒ်မန်းကို တစ်သက်စာအောင်မြင်မှုဂုဏ်ပြုဆုချီမြှင့်မယ့်ရက် အမေရိကန်ရုပ်ရှင်အင်စတီကျူ့ (AFI) က ကြေညာလိုက်ပြီး အခမ်းအနားကို ဧပြီ ၂၇ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တစ်သက်စာအောင်မြင်မှုဆုကို နီကိုးလ်ကစ်ဒ်မန်းဆွတ်ခူးခဲ့ကြောင်းနဲ့ အခမ်းအနားကို ဒီနှစ်ထဲမှာ ကျင်းပသွားမယ်လို့ AFI က အရင်ကပြောကြားခဲ့ပေမယ့်လည်း အမေရိကန်ရုပ်ရှင်ဇာတ်ညွန်းရေးသူများ သပိတ်ကို မေလမှာစတင်ခဲ့ပြီးနောက် အခမ်းအနားကိုရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်သရုပ်ဆောင်များအဖွဲ့နဲ့ အမေရိကန်ရုပ်သံနဲ့ ရေဒီယိုအနုပညာရှင်များအဖွဲ့ SAG-AFTRA ကလည်း ဇူလိုင်လမှာ စတင်သပိတ်မှောက်ခဲ့ကြပါတယ်။ နီကိုးလ်က SAG-AFTRA အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အခုတော့ သပိတ်နှစ်ခုစလုံး အဆုံးသတ်သွားပြီဖြစ်ပါတယ်။

AFI ရဲ့ တစ်သက်တာအောင်မြင်မှုဆုရရှိတဲ့ ပထမဆုံး ဩစတြေးလျနိုင်ငံသားဖြစ်တဲ့ နီကိုးလ်ကစ်ဒ်မန်း က အော်စကာ စကာတင်စာရင်းထဲကို ငါးကြိမ်ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ The Hours ဇတ်ကားနဲ့ အော်စကာဆုရခဲ့သူဖြစ်ပါတယ်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။