ခင်ပွန်းဖြစ်သူထံက ငွေညှစ်ဖို့ သားဖြစ်သူ ပြန်ပေးဆွဲခံရသယောင် အကွက်ချစီစဉ်ခဲ့တဲ့ အမျိုးသမီး

International News
ခင်ပွန်းဖြစ်သူထံက ငွေညှစ်ဖို့ သားဖြစ်သူ ပြန်ပေးဆွဲခံရသယောင် အကွက်ချစီစဉ်ခဲ့တဲ့ အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခင်ပွန်းဖြစ်သူထံက ငွေညှစ်ဖို့ သားဖြစ်သူ ပြန်ပေးဆွဲခံရသယောင် အကွက်ချစီစဉ်ခဲ့တဲ့ အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူထံက ငွေညှစ်ဖို့ သားဖြစ်သူ ပြန်ပေးဆွဲခံရသယောင် အကွက်ချစီစဉ်ခဲ့တဲ့ အမျိုးသမီး

ကိုလံဘီယာနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဆီက ငွေညှစ်ဖို့အတွက် ၂ နှစ်အရွယ် သားဖြစ်သူကို ပြန်ပေးဆွဲခံရသယောင် အကွက်ချ စီစဉ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ဘာရန်ကွီလာမြို့တောင်ပိုင်းက ဒေသတစ်ခုမှာ ကလေးငယ်တစ်ယောက် ပြန်ပေးဆွဲခံရတဲ့သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူ့မိခင်နဲ့အတူ လမ်းလျှောက်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ၂ နှစ်အရွယ် ကလေးငယ်ကို မိခင်လက်ထဲကနေ အတင်းအဓမ္မ ဆွဲယူသွားခဲ့တာလို့ သတင်းထွက်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာကို ရဲတွေ ရောက်လာပြီး မိခင်ဖြစ်သူကို စစ်ဆေးမေးမြန်းကြပါတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်ပုံစံ ကလေးတစ်ယောက်ကို တိုက်ခန်းတစ်ခုမှာ တွေ့တယ်လို့ လူတစ်ယောက်က ရဲစခန်းကို သတင်းပို့ခဲ့ပါတယ်။ အဲဒီတိုက်ခန်းကို ရဲတွေ ရောက်သွားတဲ့အခါ ပြန်ပေးဆွဲသူတွေကို မတွေ့ရဘဲ ကလေးငယ်က သူ့မိခင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတာ မြင်လိုက်ရပါတယ်။

အမျိုးသမီးဟာ ကလေးငယ်ကို ပြန်ပေးဆွဲခံရသယောင် အကွက်ချ စီစဉ်ပြီး သူ့ခင်ပွန်းထံကနေ ပီဆို သန်း ၆၀ ( အမေရိကန်ဒေါ်လာ ၁၄၇၀၀) ငွေညှစ်ဖို့ ကြိုးပမ်းခဲ့တာပါ။ အမျိုးသမီးက ၂ နှစ်အရွယ် သားဖြစ်သူကို သူ့ သူငယ်ချင်းထံ သွားအပ်ထားပြီး ပြန်ပေးဆွဲခံရသယောင် ဖန်တီးခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အဲဒီအမျိုးသမီးကို ဖမ်းဆီးထားပြီး ကလေးငယ်ကိုတော့ သူ့ဖခင်က စောင့်ရှောက်နေတယ်လို့ ကိုလံဘီယာမီဒီယာတွေက ဖော်ပြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။