တန်ဆောင်မုန်း လပြည့်ည ပံ့သကူပစ်ပါ

Astrology Religion
တန်ဆောင်မုန်း လပြည့်ည ပံ့သကူပစ်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တန်ဆောင်မုန်း လပြည့်ည ပံ့သကူပစ်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တန်ဆောင်မုန်း လပြည့်ည ပံ့သကူပစ်ပါ

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။
အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ
ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီးပံ့သကူပစ်ကြပါနော်။
ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။သူလည်း လွတ်လွပ်စွာ ပျော်ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။
၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက”ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။တန်ဆောင်မုန်းလပြည့်ညမှပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။