(၇)ရက်သားသမီးများ၏ရုပ်ပိုင်းဆိုင်ရာဟောကိန်း

Astrology
(၇)ရက်သားသမီးများ၏ရုပ်ပိုင်းဆိုင်ရာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့-(၇)ရက်သားသမီးများ၏ရုပ်ပိုင်းဆိုင်ရာဟောကိန်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၇)ရက်သားသမီးများ၏ရုပ်ပိုင်းဆိုင်ရာဟောကိန်း

အခုတခါမှာတော့ ကျွန်တော်လေ့လာတွေ့ရှိထားတဲ့ မဟာဘုတ်အကြွင်းအလိုက် ခုနစ်ရက်သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာဟောကိန်းလေးတစ်ခုကို တဆင့်ခံ ပြန်လည် ​ေ၀မျှပေးလိုက်ပရစေ ခင်ဗျာ ။

မဟာဘုတ်(၁) ကြွင်းသမားများ

ရုပ်အနေတည်တံ့ပါတယ် ။ လူအများနဲ့ဆုံတွေ့ရင် သူကအလိုက်သိတယ် ။ ပေါ့ပေါ့ပါးပါးလုပ်ဆောင်တတ်ပါတယ် ။ ကျားကျားရားရားဟန်ရှိပေမဲ့
အပင်ပမ်းတော့ မခံနိုင်တတ်ကြဘူး ။ ပင်ပမ်းမဲ့အလုပ်ကိုလည်း ရှောင်တတ်ကြတယ် ။ ငယ်စဉ်က ကိုယ်ခံပညာ ၊ အလေးမ ၊ ရေကူး အစရှိတဲ့အားကစားတွေ လုပ်တတ်ကြတယ် ။ မိန်းခလေးတွေကြတော့ ကိုယ်နေဟန်ပန် ကောင်းကြတယ် ။ သပ်ယပ်စွာ ဝတ်စားတတ်ကြတယ် ။ ဖရိုဖရဲသိပ်မနေတတ်ကြဘူး ။ နှုတ်ခမ်းနီပါးနီဆိုးတာမျိုးတွေတော့ သိပ်မကြိုက်တတ်ကြဘူး ။ မိန်းခလေးတွေဆိုရင် ငယ်စဉ်က ကိုယ်ခန္ဓာအချိုးအစားလှပတတ်ကြတယ် ။

မဟာဘုတ်(၂) ကြွင်းသမားများ

ရုပ်အနေတည်တံ့တတ်တယ် ။ သပ်ယပ်စွာဝတ်စားတတ်ကြတယ် ။ အမျိုးသမီးတွေက အင်္ကျီလက်ရှည် ရင်ဖုံးလိုဟာမျိုးတွေ နှစ်သက်တတ်ကြတယ် ။ ဘောင်းဘီရှည်ဝတ်ရင် ဆံပင်အရှည်ကို ဖြန့်ပြီးထားတတ်ကြပြန်တယ် ။ အမျိုးသားတွေကတော့ လက်ထဲမှာ ပိုက်ဆံအိတ်လိုမျိုး အိတ်တစ်ခုကိုင်ပြီး လမ်းလျှောက်ရတာကို နှစ်သက်တတ်ကြတယ် ။ ဆံပင်ကိုသေသပ်စွာဖီးလိမ်းတတ်ကြပြန်တယ် ။ ၀ံ့ထည်ထည်ဟိတ်ဟန်နဲ့ ကောင်းစွာ နေတတ်ကြတယ် ။ အမျိုးသမီးအများစုက တော့ ပေါင်ချိန်စက်ကိုအိပ်ခန်းထဲ ထားတတ်ကြတယ် ။ လမ်းလျှောက်ရင် ဖြေးညှှင်းစွာ လှုပ်လီလှုပ်လဲ့ လျှောက်တတ်ကြတယ် ။ မျက်နှာကြောတင်းမယ် ။

မဟာဘုတ်(၃ )ကြွင်းသမားများ

အဝတ်အစားဝတ်ရင် ကြပ်ကြပ်တည်းတည်း မဝတ်တတ်ကြဘူး ။ စိတ်ရှုပ်တတ်တယ် ။ လက်ထဲမှာ ပိုက်ဆံအိတ်ကလွဲပြီး တခြားပစ္စည်း သိပ်မကိုင်ကြဘူး ။ အိတ်ထဲမှာလည်း အင်္ဂလိပ်ဆေး ၊ မြန်မာဆေး ၊ ရှူဆေးတောင့် စုံအောင်ထည့်ပြီးမှ လမ်းထွက်တတ်ကြပြန်တယ် ။ လမ်းလျှောက်ရင် ကားကား ကားကားနဲ့ ကြွားကြွားကြွားကြွား လျှောက်တတ်ကြတယ် ။ စကားပြောရင်လည်း ခပ်ကြွားကြွားလေး ပြောတတ်ကြပြန်တယ် ။ ငွေလက်ထဲပြတ်ရင် အကြောတက်ရောဂါ ဖြစ်တတ်ကြတယ် ။ စိတ်ထဲမကြည်ရင် စကားပြောတာ ဘရိတ်မရှိတော့ဘူး ။

မဟာဘုတ်(၄) ကြွင်းသမားများ

ဟန်ပန်ကောင်းကြတယ် ။ ရေမွေးဆွတ်ပြီး ခေါင်းလိမ်းဆီနဲ့ ကြော့ကြော့လေး ၊ အမျိုးသမီးတွေက ဆံပင်ဘေးချပြီး ခေါင်းငုံ့ကာရယ်(ရီ)တတ်ကြတယ် ။ အိတ်ကြီးကြီးပိုက်ပြီး လမ်းလျှောက်ရတာကိုနှစ်သက်သဘောကျတတ်တယ် ။ အမျိုးသမီးတွေက ထမီသောင်းကျော်တန်ဝတ်ပြီး လမ်းလျှောက်ရတာ စိတ်ထဲပိုပြီး​ ကျေနပ်တတ်ကြပြန်တယ် ။ ဒေါက်ဖိနပ်အကောင်းစားကို ပိုကြိုက်တတ်ကြတယ် ။ အမျိုးသားတွေကတော့ အင်္ကျီအကောင်းစားကို နှစ်သက်တတ်ကြတယ် ။ စိတ်အလိုမပြည့်မှုနဲ့ ဘဝကို ဖြတ်သန်းတတ်ကြတယ် ။

မဟာဘုတ်(၅) ကြွင်းသမားများ

အမျိုးသားတွေက အဝတ်ကိုသပ်ယပ်စွာမဝတ်တတ်ကြဘူး ။ ဖရိုဖရဲစတိုင်ကို နှစ်သက်တတ်ကြတယ် ။ ဆံပင်ကိုလည်း ဆီမလိမ်းဘဲဖွာတာတာလေး ထားတတ်ကြတယ် ။ ပုဆိုးကောင်းကောင်း ဝတ်တာကိုလည်း သိပ်မတွေ့ရတတ်ဘူး ။ အမျိုးသမီးတွေကတေ့ လွတ်လပ်ပေါ့ပါးတဲ့ အင်္ကျီမျိုးတွေကို ဝတ်ဆင်တတ်ကြပြန်တယ် ။ ဆံပင်အကုတ်ပုံစံကို နှစ်သက်တတ်ကြတယ် ။အပြင်တခါထွက်ရင် ရှေ့နောက်အကုန်တကိုယ်လုံးကို မှန်ထဲစစ်ပြီးမှ ထွက်တတ်ကြတယ် ။ အရပ်ပုတဲ့(၅ )ကြွင်းဆိုရင် တင်ကိုကောက်ပြီးလမ်းလျှောက်တတ်ကြတယ် ။

မဟာဘုတ် (၆) ကြွင်းသမားများ

သူတို့တတွေက ဟန်ပန်ကောင်းတတ်ကြတယ် ။ အမျိုးသမီးအများစုက ဆံပင်အရှည်ကိုနှစ်သက်တတ်ကြတယ် ။ လမ်းလျှောက်ရင်လည်း ဖြေးဖြေးဘဲ လျှောက်ကြတတ်ကြတယ် ။ လုံလုံခြုံခြုံအဝတ်တွေ နှစ်သက်တတ်ကြတယ် ။ အမျိုးသားတွေက အဝတ်ဝတ်ရင် သပ်သပ်ရပ်ရပ် ဝတ်တဲ့အခါဝတ်ပြီး ၊ မဝတ်တဲ့အခါမှာလည်းအစုတ်နဲ့ နေတတ်ကြပြန်တယ် ။ နွဲ့နှောင်းတဲ့ဟန်ပန်ရှိတတ်ကြတယ် ။ မျက်နှာဝိုင်တဲ့(၆)ကြွင်းတွေဟာ အိမ်ထောင်ကျပြီးနောက် ဒေါသကြီးလာတတ်ကြတယ် ။

မဟာဘုတ် (၀)ကြွင်းသမားများ

ခေတ်ဆန်တဲ့ အဝတ်အစားတွေကို ကြိုက်နှစ်သက်တတ်ကြတယ် ။ ဟန်ပန်ကောင်းတယ် ။ လမ်းလျှောက် မြန်တတ်ကြတယ် ။ အမျိုးသမီးတွေက အင်္ကျီလက်ပြတ်လို အတိုမျိုးတွေကို ကြိုက်နှစ်သက်တတ်ကြပြန်တယ် ။ မျက်နှာကြောတင်တင်းနဲ့ တလောကလုံး သူလုပ်​ကျွေးထားရတဲ့ဟန်ပန်နဲ့ နေတတ်ကြပြန်တယ် ။ လူစုံရင် တည်တည်ကြီးလုပ်ပြီး သူပြောချင်ရင်လည်း အတင်းလိုက်ပြီး ဒလစပ်ပြောတတ်ကြတယ် ။ သူစကားပြောတဲ့အခါ သူ့မျက်နှာကို စိုက်ကြည့်ပြီးနားထောင်ရင် အဲဒီလူကို မိတ်ဆွေကောင်းလို့ ယူဆတတ်ကြတယ် ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။