မရမရှိလိုတရစေသောစာရွက်

Astrology

မရမရှိလိုတရစေသောစာရွက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မရမရှိလိုတရစေသောစာရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မရမရှိလိုတရစေသောစာရွက်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိန်းကလေးတစ်ဦးရောက်လာ လေ၏ ။ ထိုမိန်းကလေးသည် ကျွန်ုပ်နှင့် တွေ့လျှင်တွေ့ချင်း –
“သမီးယောက်ျားဟာ လောင်းကစားတွေ လုပ်ပြီး မလျော်နိုင်လို့ ထွက်ပြေးသွားတယ် ၊ နောက်တစ်ခုက သမီး ကြိုးပမ်းထားတာတွေ ဘာမှဖြစ်မလာဘူး ၊ သမီးသူငယ်ချင်းတွေနဲ့အတူ တယ်လီဖုန်း လျှောက်ထားတယ် ၊ သူတို့ အကုန်လုံးရတယ် ၊ သမီးမရဘူး . . .”
ဟု ပြောလေ၏ ။ ကျွန်ုပ်လည်း “လိုတရ”စာရွက် တစ်ရွက် ရေးပေးလိုက်၏ ။ ထိုသို့ရေးပေးပြီးနောက် –
“အဲဒီစာရွက်မှာ ကွက်လပ်ကလေး (၆) ခု ပါတယ် ၊ အဲဒီ ကွက်လပ်ထဲမှာ သမီးရဲ့နေ့နံကို ရေးထည့်ရမယ် ၊ သမီးက ဘာနေ့ သမီးလဲ . . .”
ဟု မေးလိုက်ရာ ၄င်းက –
“တနင်္လာသမီးပါ အဘ…
ဟု ပြောလေ၏ ။

“အဲလိုဆိုရင် ကွက်လပ်ထဲမှာ (၂)ဂဏန်းလေးတွေ ရေးရမယ် ၊ ပြီးတော့မှ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်းရမယ်၊ အောက်က ပန်းကန်ပြားခံပြီး မီးထွန်းရမယ် ၊ (၉) ရက် ထွန်း ရမယ် ၊ ဒီစာရွက်ကလေးကို မိတ္တူ (၉)စောင် ကူးလိုက်ပေါ့”
ဟု ကျွန်ုပ်က မှာကြားလိုက်လေ၏ ။ ထိုမိန်းကလေး လည်း ပြန်သွားလေ၏ ။ တစ်ပတ်ခန့် ကြာသောအခါ ကျွန်ုပ်ထံသို့ ပြန်၍ ရောက်လာ၏ ။

“အဘပြောတဲ့အတိုင်းလုပ်လိုက်တာ တယ်လီဖုန်းရတယ် အဘရေ. ၊ အဲဒီတော့ ယောက်ျား လျှော်ရမယ့် ငွေတွေစိုက်ပြီး လျော်လိုက်တယ် ၊ အဲဒီတော့ ယောက်ျားလည်း အိမ်ပြန်ရောက်နေပြီ….”ဟု ဝမ်းသာအားရ ပြောလေ၏။

ထို့နောက် ကျွန်ုပ်စားရန်ဟုဆိုကာ မုန့်လက်ကောက်နှင့် ထန်းလျှက်ရည်များ ပေးသွားလေတော့၏ ။ ကျွန်ုပ်လည်း မုန့်လက်ကောက်ကို မကြိုက်သော်လည်း သာဓု သုံးကြိမ် ခေါ်လိုက်ရလေတော့သတည်း ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။