အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း

Health Knowledge
အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသည်းအတွက် ကင်ပွန်းချဉ် / ကင်ပွန်းသီး အစွမ်း

ကင်ပွန်းချဉ်ဟာနွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ ကင်ပွန်း ချဉ်ဟာ အသည်းအတွက် အသုံးဝင်ပါတယ်။

အရွက်နုကိုကြိတ်ပြီး အသည်းရောင်တဲ့နေရာမှာ လိမ်းပေးပါက လည်းရောဂါသက်သာနိုင်ပါတယ်။

ကင်ပွန်းချဉ်အရွက်နုကို ညက်အောင်ထောင်ပြီး သကြားအနည်းငယ်ဖြင့် ရေကျက်အေးနှင့် နေ့စဉ်သောက်ပေးပါက အဖျဉ်းရောဂါကိုသက်သာစေနိုင်ပါတယ်။

ကိုယ်ဖော ကိုယ်ရောင် ရောဂါတွေကိုလည်း ပျေက်ကင်းနိုင်ပါတယ်။

ကင်ပွန်းချဉ်ကို ရေနွေးအနည်းနဲ့ သောက်ပေးပါကလည်း ဝမ်းချုပ်ခြင်း၊လေချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

ကိုယ်တွင်းအပူကိုငြိမ်းစေပါတယ်။ ဆီးရွင်စေပါတယ်။ ဆီးပူဆီးအောင့်၊ ပန်းသေပန်းညိုး ကောင်းမွန်းစေပြီး ရုပ်ပျိုကာ အဆီက လှပစေပါတယ်။

အစာအိမ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အရေပြားပေါ် အဖြူကွက်ထခြင်းများ ကို ကင်ပွန်းချဉ်စားခြင်းဖြင့် သက်သာပျေက်ကင်းစေပါတယ်။

နှလုံးရောဂါဝေဒနာခံစားနေရသူများ အနေဖြင့် ကင်ပွန်းချဉ် (၅)ကျပ်သား၊ ထန်းလျက် (၁၀) ကျပ်သား၊ ဆားအသင့်အတင့်ဖြင့်ရောကျိုးကာ နေ့စဉ်သောက်သုံးသင့်ပါတယ်။

အူရောင်ရောဂါခံစားနေရသူများ၊ အစာမကြေသူများ၊ အစာလမ်းမကောင်းတဲ့သူများ ကင်ပွန်းချဉ်ကအစွမ်းထက်တဲ့ ဆေးတစ်ခွက်ဆိုတာသိစေချင်ပါတယ်။

နောက်တစ်နည်းကတော့ ကင်ပွန်းချဉ်အရွက်ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်အောင်ထောင်းပြီး အရည်ကိုအဖတ်မပါအောင်ညစ်ယူပါ။ မျက်စိနာ၊ မျက်ရိုးကိုက် ဝေဒနာတွေကို သက်သာစေပါတယ်။

မျက်ရည်ပူ၊ အခိုးအငွေ့တွေထွက်စေသဖြင့် မျက်လုံးအမြင်ရှင်းစေပါတယ်။

စိန်နှင့်သံပရာသီးကိုစားမိပါက ကင်ပွန်းသီးပြုတ်ရည်ကို တိုက်ပေးပါက ပြန်အန်ထွက်စေပါတယ်။

မြွေဆိပ်ဖြေဆေး ကုသရာတွင်လည်း ကင်ပွန်းသီးကို အသုံးပြုနိုင်ပါ တယ်။

အမျိုးသမီးတွေအတွက် ဆံပင်ကောင်းစေဖို့ကို ကင်ပွန်းသီး တရော်ပင်အခေါက် တို့နှင့်ခေါင်းလျှော်ပါက ဦးရေပြားကိုအေးမြစေပြီး ဆံပင်သန်စွမ်းစေပါတယ်။

ကင်းပွန်းရွက်ကို ကျို၍ နေစဉ်ညအိပ်ရာဝင်တိုင်း သောက်ပေးပါက စာဝင်အိပ်ပျော်ပြီး ကျန်းမာရွင်လန်းစေပါတယ်။

စာရေးသူကိုယ်တွေ့ဖြစ်ရပ်အနေဖြင့် ကင်ပွန်းချဉ်အရည်ကို နေ့စဉ်သောက်တဲ့ အဖိုးတစ်ဦးဟာ အသက်ရာကျော်ရှည်ပြီး လူကြီးတွေမှာ ဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း၊အစားအသောက်ပျက်ခြင်း တို့ကို ကျော်လွှားနိုင်ပြီး စားဝင်အိပ်ပျော်စေပါတယ်။

ထို့ကြောင့် အဖိုးတန်လှတဲ့ ကင်ပွန်းချဉ်ရည်ကို နေ့စဉ်သောက်သုံးဖို့ မမေ့ကြပါစေနဲ့။

ကျန်းမာချမ်းသာကြပါစေ

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။