❝ အာရှတိုက်ရဲ့ MBEဘွဲ့ကို ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့တဲ့ BLACKPINK ❞

Celebrity International News
❝ အာရှတိုက်ရဲ့ MBEဘွဲ့ကို ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့တဲ့ BLACKPINK ❞

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ❝ အာရှတိုက်ရဲ့ MBEဘွဲ့ကို ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့တဲ့ BLACKPINK ❞ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

❝ အာရှတိုက်ရဲ့ MBEဘွဲ့ကို ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့တဲ့ BLACKPINK ❞

မနေ့မနက်ကပြုလုပ်တဲ့ ဗြိတိန်ဘုရင်ကြီး KING Charles lll ရဲ့ အထူးဖိတ်ကြားမူအရ ကမ္ဘာ‌ကျော် တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK က ဘာမင်ဂမ်နန်းတော်သို့ တက်ရောက်ခဲ့ပြီး ဘုရင်ကြီးနဲ့အတူ ညစာစားပွဲကိုလည်း အတူသုံးဆောင်ခဲ့ကြပါတယ်။

ထို့နောက် BLACKPINK အဖွဲ့အား United Nation လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ COP26(Confrence On Climate Change) ကမ္ဘာရာသီဥတုပြောင်းလဲမူဆိုင်ရာအဖွဲ့ရဲ့ အစီအစဉ်တွေ မှာအားတက်သရော ပါဝင်ခဲ့တဲ့အတွက် ဗြိတိန်ဘုရင်ကြီးမှ အင်္ဂလန်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ MBE ဘွဲ့ကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။(MBE ဘွဲ့ဆိုတာက အနုပညာနဲ့ သိပ္ပံဆိုင်ရာ လူထုအကျိုးပြုသော လုပ်ငန်းလုပ်ဆောင်သူများ၊ ပရဟိတအဖွဲ့အစည်းများ၊လူမူဖူလုံရေးအဖွဲ့အစည်းများစတဲ့ အကျိုးဆောင်အဖွဲ့အစည်းတွေကိုသာ ပေးအပ်တဲ့ ဂုဏ်ဆောင်ဘွဲ့ဖြစ်ပါတယ်)

BLACKPINK အနေနဲ့ ယခု MBE ဘွဲ့ကို ရရှိခဲ့ခြင်းဟာ အာရှတိုက်ရဲ့ ပထမဆုံး MBE ဘွဲ့ကိုရရှိဖူးတဲ့ အနုပညာရှင်အဖွဲ့အဖြစ် စံချိန်ကောင်းတစ်ခုပါပိုင်ဆိုင်ခဲ့ပါတယ်။ဒါ့အပြင် ဒီဘွဲ့ကိုရရှိဖူးတဲ့ အဆိုတော်ဟာ ကမ္ဘာပေါ်မှာ လေးဦး/အဖွဲ့ သာရှိပြီး ထိုသူတွေကတော့ BLACKPINK (၂၀၂၃)၊ Ed Shreen (၂၀၁၇)၊ Adele (၂၀၁၃) နဲ့ The Bealtes (၁၉၆၅) တို့ပဲဖြစ်ပါတယ်။ဒါကြောင့် BLACKPINK အဖွဲ့ဟာ MBEဘွဲ့ကို ရရှိဖူးသောအဆိုတော်(အဖွဲ့)အဖြစ်ပါမှတ်တမ်းရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရေးသားသူ –POP PLUS

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။