ဂေဟာက ကလေးတွေကိုတခြားသူတွေမွေးစားခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ ခိုင်နှင်းဝေ(ရုပ်/သံ)

Celebrity Local News
ဂေဟာက ကလေးတွေကိုတခြားသူတွေမွေးစားခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ ခိုင်နှင်းဝေ(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂေဟာက ကလေးတွေကိုတခြားသူတွေမွေးစားခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ ခိုင်နှင်းဝေ(ရုပ်/သံ)) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂေဟာက ကလေးတွေကိုတခြားသူတွေမွေးစားခွင့်ပေးမှာမဟုတ်ဘူးဆိုတဲ့ ခိုင်နှင်းဝေ(ရုပ်/သံ)

မင်းသမီးခိုင်နှင်းဝေကတော့ နာမည်ကျော်ထိပ်တန်းစာရင်းဝင်မင်းသမီးတယောက်အဖြစ် အချိန်အကြာကြီးအနုပညာလောကမှာရပ်တည်နေတဲ့ မင်းသမီးတယောက်ဖြစ်ပါတယ်။ ထိပ်တန်းသရုပ်ဆောင်ဖြစ်နေပေမဲ့ ယခုနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်တော့ပဲ ပရဟိအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခိုင်နှင်းဝေဖောင်ဒေးရှင်းပါ ထူထောင်ပြီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ယခုအခါမှာလည်း သူမဂေဟာကမွေးစားပြုစုပျိုးထောင်ထားတဲ့ ကလေးတွေရဲ့အနာဂတ်နဲ့ပက်သက်ပြီး သူမရဲ့စိတ်သဘောထားကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေက “အစ်မက ကလေးတွေကိုမွေးကင်းစထဲက မွေးလာတာကြောင့် ၇၀% လောက်က ကိုယ့်ရင်သွေးပဲ။ ဘာလို့မွေးစားဖို့မပေးနိုင်လည်းဆိုရင် ကြီးတဲ့ထိ တောက်လျောက်လိုက်မကြည့်နိုင်‌တော့ နောက်ကွယ်မှာ တစ်ခုခုဖြစ်မှာစိုးရိမ်တာရယ် သူတို့မှာ ကိုယ်ပိုင်ရင်သွေးရှိလာရင် ဒီကလေးကမျက်နှာငယ်ရပြီး အရှုပ်ထုပ်ဆိုတာမျိုးဖြစ်လာနိုင်တယ်။ ကိုယ်ရင်နဲ့အမျှချစ်လာရတဲ့ကလေးကို စိတ်ဒဏ်ရာမရစေချင်ဘူး။ နောက်တစ်ခုကတော့ ချစ်တဲ့ သံယောဇဉ်‌တွေကြောင့် မွေးစားဖို့မပေးနိုင်ပါဘူး။ အစ်မအနေနဲ့ ကလေးတွေဆီက ချစ်ခြင်းမေတ္တာသိတတ်မှု‌လေး‌ပဲ ပြန်လိုချင်တယ်” ဆိုပြီး အင်တာဗျူးမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရန် – https://fb.watch/oCD4eEkd7g/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။