ရိုက်ကွင်းမှာ နေမကောင်းဖြစ်ပြီး မိနစ် ၄၀ အတွင်း thayဆုံးသွားခဲ့တဲ့ မလေးရှားအဆိုတော်မင်းသမီး

Celebrity International News
ရိုက်ကွင်းမှာ နေမကောင်းဖြစ်ပြီး မိနစ် ၄၀ အတွင်း thayဆုံးသွားခဲ့တဲ့ မလေးရှားအဆိုတော်မင်းသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရိုက်ကွင်းမှာ နေမကောင်းဖြစ်ပြီး မိနစ် ၄၀ အတွင်း thayဆုံးသွားခဲ့တဲ့ မလေးရှားအဆိုတော်မင်းသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရိုက်ကွင်းမှာ နေမကောင်းဖြစ်ပြီး မိနစ် ၄၀ အတွင်း thayဆုံးသွားခဲ့တဲ့ မလေးရှားအဆိုတော်မင်းသမီး

ကွင်းဇီးချန်လို့ အမည်ရတဲ့ မလေးရှားအဆိုတော်မင်းသမီးဟာ နိုဝင်ဘာ ၂၈ ရက်က ရုတ်တရက်thayဆုံးသွားခဲ့ပါတယ်။ သူ thayဆုံးချိန်မှာ အသက် ၃၇ နှစ်ရှိပါပြီ။ လူမှုကွန်ယက်ချန်နယ် Squad Sekawan အတွက် ရိုက်ကူးနေရင်း မူးလဲသွားခဲ့တာပါ။

အဲဒီနေ့မနက်ခင်းက သွားခေါ်ခဲ့ပြီး သူတို့ရိုက်ကွင်းကို မနက် ၈ နာရီရောက်တယ်လို့ ကွင်းဇီးချန်၊ အခြားသူငယ်ချင်းတွေနဲ့အတူ Squad Sekawan ကိုပူးတွဲတည်ထောင်ထားတဲ့ အဆိုတော်မင်းသား ချိုင်ဇီက ပြောပါတယ်။ မနက်စာစားပြီးနောက် ၈ နာရီ ခွဲမှာ ပထမအပိုင်းကို စတင်ရိုက်ကူးခဲ့ပြီး ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ဒုတိယအပိုင်းရိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် ကွင်းဇီးက ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး မူးတယ်၊ ခေါင်းကိုက်တယ်၊ အန်ချင်တယ်လို့ ပြောခဲ့တာပါ။

ကွင်းဇီးအန်ခဲ့ပြီး ဝန်ထမ်းတွေက လူနာတင်ယာဉ်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ အသိရှိနေသေးပြီး သူ့ဖုန်းရဲ့လျှို့ဝှက်ကုဒ်ကို ပေးခဲ့တာကြောင့် သူ့ရဲ့ဆေးမှတ်တမ်းအတွက် သူ့ချစ်သူကို ဆက်သွယ်နိုင်ခဲ့ပါတယ်။ သူ့ချစ်သူကတော့ ကွင်းဇီးက အမြဲကျန်းမာရေးကောင်းတယ်လို့ ပြောပါတယ်။

ကွင်းဇီးက သတိလစ်သွားတဲ့အချိန်မှာ အသက်ရှုနေတုန်းပါပဲ။ ဒါပေမဲ့ သူ့နှလုံးက အရမ်းခုန်နေပြီး မကြာခင်မှာပဲ သူ့နှုတ်ခမ်း၊ လက်တွေ၊ ခြေထောက်တွေ ခရမ်းရောင်ပြောင်းသွားခဲ့တယ်လို့ ချိုင်ဇီရဲ့ပြောစကားအရ သိရပါတယ်။

လူနာတင်ယာဉ်က ၅ မိနစ်အတွင်း ရောက်လာခဲ့ပေမဲ့ ကွင်းဇီးချန်က သတိပြန်လည်မလာတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။ သူ ခေါင်းမူးတယ်လို့ ပြောတဲ့အချိန်ကနေ thayဆုံးခဲ့တဲ့အချိန်အထိ မိနစ် ၃၀ – ၄၀ လောက်ပဲ ကြာခဲ့ပါတယ်။ thayဆုံးရခြင်းအကြောင်းအရင်းကိုသိရဖို့ ရင်ခွဲစစ်ဆေးမှုရလဒ်တွေကို စောင့်ဆိုင်းနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။