ခွေး အပါအဝင် တိရိစ္ဆာန်များ လိုက်တာ အကိုက်ခံရတာ ကို အိပ်မက်ခြင်း

Astrology
ခွေး အပါအဝင် တိရိစ္ဆာန်များ လိုက်တာ အကိုက်ခံရတာ ကို အိပ်မက်ခြင်း

အိပ်မက်ထဲမှာ ခွေးတင်မဟုတ်ပါ တခြား အကောင်တွေ မြွေ ကျွဲ ဆင် ဝက် နွား ဘာကောင် ဘဲ လိုက်လိုက် ချစ် လို့ လိုက်တာ ကိုက်တာ မဟုတ်ဘူးဆိုတာကို အိပ်မက်ထဲလဲ သိနေပါတယ်။
ဒီလို အိပ်မက်မျိုးမက်ရင် ဘာကြောင့်မက်တာလဲ ဆိုတာထက် အကျိုးဆက်ဖြစ်တဲ့ ဘာဖြစ်မလဲ ဆိုတာ သိချင် ကြပါတယ်။

အိပ်မက်တွေကို အယုံအကြည် မရှိပါဘူး အလေးအနက် မထား ပါဘူး ဆို သူတွေလည်း ဒီလို အိပ်မက်မျိုးမက်ခဲ့ ရင်တော့ နိုးလာရင် စိတ်မကြည်လင်တော့ပါ။
အိပ်မက်ထဲ မှာ အကိုက်ခံရလို့ သွေးထွက်တာ နာကျင်တာတွေ ဖြစ်ခဲ့ရင် လက်တွေ့ဘဝ မှာလည်း အလားတူ ကြုံ နိုင်ပါတယ်။ စိတ်မကြည်လင်တာ ရဲ့ အကျိုးဆက်ကြောင့် အလုပ်ထဲ အမှား လုပ်တာ ကစလို့ အက်ဆီးဒင့် တစုံတရာ ဖြစ် နိုင်ပါတယ်။
ဒီပို့စ့်မှာ အဓိက ပြောချင်တာက အဲလို အိပ်မက် မက်ခဲ့ရင် အိပ်မက်ကို သေချာ စဉ်းစားပါ။ ပထမဆုံး သိရမှာက ကိုယ် က လွတ်မြောက်လား အကိုက်ခံရလား။

အကိုက်မခံ ရဘူး ဆိုရင်လည်း လူတယောက် က ကယ်လိုက်တာလား။ ကိုယ်တိုင် ဘဲ ခုခံ ကာကွယ်တာလား။ အကိုက်မခံရအောင် ပုန်းနေတာလား။

​ဒီအချက်များအပေါ် အခြေခံပြီး လက်တွေ့ ဘဝ မှာလည်း အခက်အခဲ ပြသာနာ ကြုံပြီ ဆိုရင် အိပ်မက်ထဲ ကအတိုင်း ဖြေ ရှင်း နိုင်ပါတယ်။

ဉပမာ ကျွဲ လိုက်တာ ဘုရားပေါ် တက်ပြေးတာ လွတ်သွားတယ် ဆိုရင် ဘာသာရေး လုပ်ခြင်း ဖြင့် အခက်အခဲ က လွတ်နိုင်ပါတယ်။

တခါ အိမ်မက်ထဲ ကျွဲ လိုက်တာ သစ်ပင်ပေါ် တက်ပြေး ကျွဲ လှည့်ပြန်တယ် ဆိုတာမျိုး မက်ရင် ကိုယ့်ထက် အဆင့်မြင့်သူထံ ကအကူညီ ယူရင်အခက်အခဲက လွတ်နိုင်မယ့် သဘောပါ။

တနေရာ မှာ ပုန်း နေ လို့ လွတ်သွားတယ် ဆိုရင်လည်း ကြုံလာတဲ့ ပြသာနာ ကို ထိပ်တိုက် ရင်ဆိုင်တာထက် ရှောင်နေ လိုက်တာက အကောင်းဆုံး နည်းပါ။
တကယ်လို့များ အကိုက်ခံရရင်တော့ ဘယ်နေရာ ကိုက် မိလဲ ဘာဖြစ်သွားလည်းဆိုတာပေါ် မူတည်ပြီး သတိထားပြုမူသင့်ပါတယ်။

ကိုယ် ဘာတွေ လုပ်သင့်လဲဆိုတာက တဉီး နဲ့တဉီးမတူ နိုင်ပါ။ အများအတွက် ကတော့ ဒီလောက် ဘဲ ပြောနိုင်တာမို့ ကိုယ့် ဘဝ နဲ့ ကိုယ့် အိမ်မက် ကိုဆက်စပ်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင်ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။