ဘုရားအလောင်းတော်ဗေဒင်ဟောကိန်း

Astrology
ဘုရားအလောင်းတော်ဗေဒင်ဟောကိန်း

မဟာဘုတ်ပညာဖြင့် ဘဝတစ်သက်တာကိုတွက်ချက်၍ရသကဲ့သို့ မိမိ၏ရောက်ဆဲအသက်အလိုက် ကံကြမ္မအကျိုးအကြောင်း အဆိုးကောင်းတို့ကိုလည်း တွက်ချက်နိုင်ပေသည် ။ မိမိ၏ရောက်ဆဲအသက်ကိုတည်၍ ( ၇ )ဖြင့် ÷ ရပါသည် ။
အကြွင်းကို မူလမဟာဘုတ်ထူသကဲ့သို့ပင်ထူရမည်ဖြစ်ပြီး မိမိ၏မွေးနံ ရောက်ရှိနေသောနေရာကိုလိုက်၍ ဟောပြောရသော ပညာရပ်ဖြစ်ပါသည် ။

မဟာဘုတ်ခွင်တွင် ဘင်္ဂအိမ်သည် အရိန္ဒမမင်းကြီးကိန်း ၊ မရဏအိမ်တွင်သုဝဏ္ဏသျှံ
ကိန်း ၊ အထွန်းအိမ်တွင် ရွှေပလ္လင်ရကိန်းသိုက်အိမ်တွင် မျောက်မထားကိန်း ၊ရာဇအိမ်တွင် တောထွက်ကိန်း ၊ ပုတိအိမ်တွင်သူရိယမင်းသားကိန်း ၊ အဓိပတိအိမ်တွင်ဝေဿန္တရာကိန်းဟု မှတ်သားရမည်ဖြစ်ပါသည် ။

ဥပမာ – အသက် ၅၃ နှစ်ရှိသော တနင်္လာသားကို တွက်ကြည့်ကြပါစို့ ။ အသက်ကိုတည်၍ ( ၇ )ဖြင့်စားလျှင် ( ၄ )ကြွင်းပါသည် ။ ၄ ကြွင်းမဟာဘုတ်ခွင်အတိုင်းချလျှင် တနင်္လသားသည် တောထွက်ကိန်းမှာ ကျရောက်နေပါသည် ။ အကယ်၍ အသက်၅၄ နှစ်ရှိသော တနင်္လာသားဖြစ်ပါလျှင် ဝေဿန္တရာကိန်းသို့ ကျရောက်မည်ဖြစ်ပါသည် ။

အရိန္ဒမမင်းကြီးကိန်း

ဘယ်ကိစ္စကိုမဆို အလောတကြီးမလုပ်မိဖို့အရေးကြီးပေသည် ။ စီးပွားရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်လုပ်ခြင်းတိုးချဲ့ခြင်းများမလုပ်သင့်ပေ ။ ငွေကံ အလွန်ညံ့သောကာလဖြစ်သည် ။ မိမိ၏လက်ရှိလုပ်ငန်းကိုသာ မှေး၍လုပ်ပါ ။အကောင်းဆုံးဖြစ်ပေသည် ။ တဇွတ်ထိုးလုပ်ခြင်းဆုံးဖြတ်ချက်မြန်ခြင်းများ အထူးသတိရှိရမည့်ကာလဖြစ်ပေသည် ။

သုဝဏ္ဏသျှံကိန်း

ကျန်းမာရေးအထူးသတိထားရမည့်နှစ်ဖြစ်ပေသည် ။ မတော်တဆထိခိုက်မိခြင်း ၊ သွေးထွက်သံယိုဖြစ်ခြင်းများ အစာအိမ် ရင် ဝမ်း သတိထားရမည် ။ ဘာသာရေးများများ လုပ်ပေးလျှင် အလွန်ကောင်းမည် ။ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်စရာများကြုံရမည်။
မိမိမျှော်လင့်ထားသောကိစ္စများ အားလုံးအဆင်ပြေသွားလိမ့်မည်ဖြစ်ပါသည် ။

ရွှေပလ္လင်ရကိန်း

ဝန်ထမ်းဆိုလျှင် ရာထူးတိုးတက်မည် ။ လခလည်းကောင်းစွာတိုးလိမ့်မည် ။ အခွင့်ရေးကောင်းနေရာကောင်းများ ရရှိမည်နှစ်ဖြစ်ပါသည် ။လူအများ၏ လေးစားရိုသေခြင်းကို ခံရလိမ့်မည် ။မိတ်ဆွေဆရာသမားများက မ ; စ မည် ။စီးပွားတိုးတက်ပြီး ငွေတွေဝင်ကာပျော်ရွှင်မှုအောင်မြင်မှု စသည်တို့ ဝေဝေဆာဆာကြီး ဖူးပွင့်နေမည့် အခါသမယပင် ဖြစ်ပါသည် ။

မျောက်မထားကိန်း

အိမ်ထောင်ရေးတွင် စိတ်သောကရောက်စရာများကြုံရဆုံရမည့်နှစ်ဖြစ်ပေသည် ။ အတွင်းလူသစ္စာဖောက်ခြင်း ၊ အကောက်ကြံခြင်း ၊ လိမ်လည်လှည့်ဖျားခြင်းများ အထူးသတိထားရမည် ။ ခရီးသွားလျှင်ခရီးအကြံအစည် ပျက်တတ်သည် ။ အောက်လက်ငယ်သားများနှင့်ပတ်သက်၍ ပြဿနာများပေါ်လာတတ်ပါသည် ။ သတိထားရမည် ။ သူတစ်ပါးကိစ္စများကို မိမိက ဝင်ရောက်ဖြေရှင်းရတတ်ပေသည် ။

တောထွက်ကိန်း

အလုပ်ပြောင်းအိမ်ပြောင်း နေရာပြောင်းများကြုံရမည့်နှစ်ဖြစ်ပေသည် ။မိမိ၏အခွင့်အရေးလုပ်ပိုင်ခွင့်ရာထူး သြဇာအာဏာများ စွန့်လွှတ်ရတတ်သည့်ကာလဖြစ်ပေသည် ။ ကံကောင်းမလိုနှင့်စိတ်ညစ်စရာသောကရောက်စရာများရောက်လာတတ်သည် ။ကံအညံ့များများနေပေလိမ့်မည် ။ ထို့ကြောင့်ယောက်ျားလေးဆိုလျှင်ခေတ္တခဏ ဘုန်းကြီးဝတ်ပါ ။မိန်းကလေးဆိုလျှင် သီလရှင်(သို့မဟုတ်)ယောဂီဝတ်
အကောင်းဆုံးဖြစ်ပေသည် ။

သူရိယမင်းသားကိန်း

မိန်းမတစ်ဦးက မိမိအား ဒုက္ခပေးတတ်ပါသည် ။နာမည်ဂုဏ်သတင်းပျက်စီးတတ်သည် ။ သူတစ်ပါးအထင်အမြင်သေးခြင်း ၊ လိမ်လည်လှည့်ဖျားခြင်းစွပ်စွဲပုတ်ခတ်ခြင်းများ ကြုံရတတ်ပေသည် ။အချစ်ရေး အိမ်ထောင်ရေးတွင် အမြဲတစေ စိတ်ညစ်ရတတ်ပေသည် ။

ဝေဿန္တရာကိန်း

အလှူကြီးအတန်းကြီးများ မုချလုပ်ရပေလိမ့်မည် ။အပြိုင်အဆိုင် အတိုက်အခိုက်အနှောက်အယှက်များကြုံရပေလိမ့်မည် ။ မိမိပတ်ဝန်ကျင်ရှိ လူအများနှင့်အဆင်မပြေဖြစ်တတ်ပေသည် ။ အများ၏ကောင်းကျိုးပရဟိတကိစ္စလုပ်ငန်းများအတွက် အလွန်ကောင်းသော ပြုလုပ်သင့်သော နှစ်ဖြစ်ပေသည် ။ ထိုသို့ပြု့လုပ်ပါက မိမိကံကြမ္မာသည်လည်း အလွန်ကောင်းမွန် ပွင့်လန်း တိုးတက် လာပေလိမ့်မည် ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။