ရှေးခေတ်ဆရာကြီးများအသုံးပြုခဲ့သောအစွမ်းထက်ကျန်းမာရေးဆန်ယတြာ

Astrology
ရှေးခေတ်ဆရာကြီးများအသုံးပြုခဲ့သောအစွမ်းထက်ကျန်းမာရေးဆန်ယတြာ

ယခုကာလများမှာ ကျန်းမာရေးအတွက် ရုတ်တရက် အခက်ခဲများသူများအတွက် လက်တွေ့အသုံးချ အကျိုးများစေတဲ့ ရှေးခေတ်ဆရာကြီးများ အသုံးပြုခဲ့တဲ့ ဆန်ယတြာနည်းကို ပညာဒါနအဖြစ်ဖော်ပြပေးလိုက်ပါတယ်….

လွန်ခဲ့သော ရက်ပိုင်းများက အမ၀မ်းကွဲဖြစ်သူ အဖျားမကျ ဆေးမတိုးခဲ့ရာမှ ဆေးတိုးခဲ့သလို စာရေးသူကိုယ်တိုင်လည်း ကျန်းမာရေးအတွက် အဆင်ပြေခဲ့ပါတယ်… လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က သူငယ်ချင်းတစ်ယောက်ရဲ့ ညီငယ်လေး စိုးရိမ်ရတဲ့အနေအထားမှ ပြန်လည်ကောင်းမွန်စေခဲ့သော နည်းဆိုလည်းမမှားပါဘူး …

ကိုယ့်နီးစပ်ရာအသိုင်း၀န်းအတွက် ဗေဒင်ပညာနဲ့အလှမ်းဝေး မေးဖို့ခက်ခဲ့နေသူများ၊ ကျန်းမာရေးအတွက် ရုတ်တရက်အမြန်ဆုံး စီရင်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်လို့ ကံအကြောင်းတရား တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ကောင်းဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်….

လုပ်ရာမှာကတော့ မွေးနေ့ညမှာဖြစ်ပါတယ်…တကယ်လို့ လူမမာက နေ့လား ညလား အခြေအနေဖြစ်နေတယ်ဆိုရင် နီးစပ်ရာ ညမှချက်ချင်းလုပ် ဆောင်ပြီး မွေးနေ့မှ တဖန်ပြန်လည်လုပ်ဆောင်ပါ…..

ဆောင်ရွက်ပုံအဆင့်ဆင့်

ဆန် (၁၀)သား ၃-ထုပ်ထုပ်ပါ။ တစ်ထုပ်စီမှာ ကြက်သွန်ဖြူ ၅-မွှာစီထည့်ပါ။ ညဘက်အိပ်တဲ့အခါ ဦးခေါင်းနဲ့တန်းတန်းနေရာမှ တစ်ထုပ်| ပခုံးနဲ့တန်းတန်းနေရာမှ တစ်ထုပ် | ဒူးခေါင်းနဲ့တန်းတန်းနေရာမှာတစ်ထုပ် ထားအိပ်ရမှာဖြစ်ပါတယ်…
အမျိုးသားဆို ညာဘက်အခြမ်း၊ အမျိုးသမီးဆိုပါက ဘယ်ဘက်အခြမ်းမှာ ထားအိပ်ရမှာဖြစ်ပါတယ်….

မနက်မိုးလင်းတဲ့အခါ ဦးခေါင်းနဲ့ ပခုံးတန်းတန်းက အထုပ် နှစ်ထုပ်ကို မြေကွက်လပ် မြေပြင်ပေါ်တွင် ကြဲပက်ပြီး “မြေတွင်နေသော သတ္တဝါ လေတွင်နေသောသတ္တဝါများအား ဒါနပြုပါတယ်…ကျန်းမာ ချမ်းသာစွာ သုံးဆောင်နိုင်ကြပါစေ…ဤသို့ပြုရသော ကုသိုလ်ဒါနောကာင့် (…….) နေ့သားသမီး ခံစားနေရသော ရောဂါဝေဒနာများမှ အမြန်ဆုံး ပျောက်ကင်းပြီး ကျန်းမာရွှင်လန်းရပါစေ” ဟု ဆုတောင်းပါ။ …
.
ဒူးနဲ့တန်းတန်း မှအထုပ်အား မြစ်ချောင်း ရေအိုင်တွင် ကြဲပက်ရပါမယ်…အထက်ကအတိုင်း ရေမှာနေသော သတ္တဝါများအားဒါနပြုကြောင်း ပြောပြီး ဆုတောင်းပါ….
လူပမာကိုယ်တိုင်မလုပ်နိုင်ပါက အခြားမိသားစု၀င်တစ်ဦးဦးမှ ပြုလုပ်ပေးနိုင်ပါသည်…..

တစ်ဖက်တစ်လမ်းမှ ဆေးဝါးကုသမှုလည်း ခံယူပါ… ကျန်းမာနေသူများ အဖို့လည်း ဆက်လက်ကျန်းမာဖေို့ ဂရုစိုက်နေထိုင်ကြပါခင်ဗျ….
အားလုံးသော ၇-ရက်သားသမီးအပေါင်း မကောင်းသော ကပ်ဘေးများမှ လွတ်မြောက်နိုင်ကြပါစေ…

သူတော်ကောင်းတရား နိုးကြားနိုင်ကြပါစေ…
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။