၅.၉၇ စက္ကန့်အတွင်း ကုဗတုံးဖြေရှင်းပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ၆ နှစ်သမီး

International News
၅.၉၇ စက္ကန့်အတွင်း ကုဗတုံးဖြေရှင်းပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ၆ နှစ်သမီး

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုဗတုံးအဖွဲ့အစည်းရဲ့ Rubik’s Cube International Open ပြိုင်ပွဲမှာ ၆ နှစ်အရွယ် မိန်းကလေးငယ် ကောင်းချီရှင်းက 3x3x3 Rubik ကုဗထုံးတွေကို ပျမ်းမျှ ၅.၉၇ စက္ကန့်အတွင်း ဖြေရှင်းပြီး အမျိုးသမီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ကျင်းဆုပြည်နယ်မှာ နေထိုင်တဲ့ ချီရှင်းဟာ ၃ နှစ်သမီးအရွယ်ကတည်းက Rubik’s ကုဗထုံး ကစားခဲ့တာပါ။ သူ့အစ်ကို ကစားတာကို ကြည့်ရင်း Rubik’s ကုဗထုံး လိုက်ကစားခဲ့တဲ့ ချီရှင်းဟာ တစ်နှစ်အတွင်းမှာပဲ ကုဗထုံး ဖြေရှင်းနည်းမှာ အလွန်ထူးချွန်လာခဲ့တာကြောင့် သူ့မိဘတွေက နည်းပြတစ်ဦး ငှားပေးခဲ့ပါတယ်။

ချီရှင်းက Rubik’s ကုဗထုံး ဖြေရှင်းတာကို ၂ နာရီကနေ ၃ နာရီကြား နေ့တိုင်းလေ့ကျင့်လေ့ရှိပါတယ်။ ချီရှင်းက Rubik’s ကုဗထုံးကို ၁၀ စက္ကန့်မပြည့်ဘဲ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ၁၂ စက္ကန့်မှာပဲ တန့်နေခဲ့ပြီးနောက် လက်လျှော့ဖို့အထိ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့မိသားစုတွေက ဝိုင်းဝန်းအားပေးကူညီခဲ့ပြီး တစ်မိသားစုလုံး Rubik’s ကုဗထုံး အမြန်ဖြေရှင်းနည်းပြိုင်ပွဲ ဝင်ခဲ့တာပါ။

” သမီးလေးက ဒီလောက် အချိန်တိုအတွင်း ကမ္ဘာ့စံချိန်ချိုးနိုင်မယ်လို့ ထင်မထားပါဘူး။ ပြိုင်ပွဲအပြီး ၂ ရက်၊ ၃ ရက်ကြာတဲ့အထိ အိပ်မက်မက်နေတာလို့ ထင်နေသေးတာပါ”လို့ ကောင်းချီရှင်းရဲ့မိခင် ကောင်းချင်းက ဆိုပါတယ်။ ကောင်းချီရှင်းက ကုဗတုံး ၅ တုံးကို ဖြေရှင်းရာမှာ ပျမ်းမျှ ၅.၉၇ စက္ကန့်နဲ့ စံချိန်သစ်တင်ပြီး ဆုရခဲ့တာပါ။ အခုအခါမှာတော့ သူက ကုဗတုံးတစ်တုံးတည်းကို အမြန်ဆုံးဖြေရှင်းနိုင်တဲ့ စံချိန် (၄.၄၄ စက္ကန့်)ကို ချိုးနိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။