အော်စကာဆုပေးပွဲမှာ ဂျွန် စီနာဟာ တကယ်ပဲ အဝတ်ဗလာနဲ့ ဆုကြေညာခဲ့တာလား

Celebrity International News
အော်စကာဆုပေးပွဲမှာ ဂျွန် စီနာဟာ တကယ်ပဲ အဝတ်ဗလာနဲ့ ဆုကြေညာခဲ့တာလား

မတ်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ပရောဖက်ရှင်နယ်နပန်းသမားလည်းဖြစ်တဲ့၊ သရုပ်ဆောင်လည်းဖြစ်တဲ့ ဂျွန်စီနာဟာ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုကို ကြေညာချီးမြှင့်ဖို့အတွက် အဝတ်ဗလာနဲ့ စင်မြင်ထက်တက်ရောက်လာခဲ့ပါတယ်။ မြင်တွေ့ရတာကတော့ ဘာမှဝတ်ထားခြင်းမရှိတဲ့ပုံပါပဲ။ မမြင်သင့်တဲ့နေရာကို သူများတွေမမြင်ရအောင်တော့ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုရရှိတဲ့နာမည်ပါတဲ့ စာအိတ်နဲ့ ဖုံးကွယ်ထားခဲ့တာပါ။

ဂျွန်စီနာက တကယ်ပဲ အဝတ်ဗလာနဲ့ ဆုကြေညာခဲ့တာလား။ နောက်ကွယ်က ပုံရိပ်တွေထွက်လာတဲ့အချိန်မှာ ဒီမေးခွန်းအတွက် အဖြေက ရှင်းသွားခဲ့ပါတယ်။ ဂျွန်စီနာက အပေါ်ပိုင်းနဲ့ခြေထောက်တွေဗလာကျင်းနေပေမဲ့ အဓိကနေရာတွေကို အသားရောင်အတွင်းခံနဲ့ အုပ်ထားခဲ့တာပါ။

၉၆ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) မှာ အကောင်းဆုံးဝတ်စုံဒီဇိုင်းဆုကို Poor Things ဇာတ်ကားနဲ့ ဝတ်စုံဒီဇိုင်နာ ဟောလီဝါဒင်တန်က ရရှိသွားခဲ့တာပါ။ အခုနှစ်ဆုပေးပွဲမှာ ဆုအများဆုံးရရှိခဲ့တဲ့ ဇာတ်ကားကတော့ Oppenheimer ဇာတ်ကားဖြစ်ပြီး အော်စကာဆု ၇ ဆုဆွတ်ခူးသွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။