သွေးမှင်၊ လေမှင် ဖြစ်လျှင်ပျောက်ကင်းနိုင်သည့်ဆေးနည်းများ

Health Knowledge
သွေးမှင်၊ လေမှင် ဖြစ်လျှင်ပျောက်ကင်းနိုင်သည့်ဆေးနည်းများ

“သွေးမှင် လေမှင် အတွက်မှတ်သားထားသည့်ဆေးနည်းများ ”

၁။သရက်ခေါက်နဲ့ ဆန်ဆေးရည်နဲ့ သွေးပြီးလိမ်းပါ။ပျောက်ပါသည် ။

၂။တစ်နေ့မနက်တခါ ညနေတခါဂျင်းလက်တဆစ်ဝက်လောက်စားပေးပါ။သက်သာပျောက်ကင်းပါသည်။

၃။မုန့်လုပ်ထညက်အညို နှင့်လယ်ကဇွန်းရွက်ကျိုပြီးအကြမ်းပုဂံတလုံးစာညမနက်သောက်ပေးပါ။ဘေးထွက်ဆိုးကြိုးမရှိပါဘူး။

၄။ပယဆေးဆိုင်မှာမှင်သော်မေးဝယ်ပါ။မှင်သော်ကိုသံပုရာသီးနဲ့ဖျော်ပြီးလိမ်းပါ။မှင်သော်သုံးမျှင်လောက်ကိုရေနွေးဖြူကွမ်းသီးလုံးခန့်မှာထည့် ခဏအုပ်ထားပါ။

မှင်သော်ပျော်သွားမည် အဲဒါကိုသောက်ပါ ပူပါသည်လက်တွေ့ပျောက်ပါသည်။

၅။နဂျီအိမ်လေးကိုအနည်းငယ်ဖဲ့ပြီလက်ဖဝါးပေါ်ရေအနည်းငယ်ထည့်ကာဖျော်ပြီးဖြစ်တဲ့နေရာလေးကိုဆုန်ပြီးလူးပေးပါနှစ်ရက်ခန့်လောက်လူးပေးရင်သွေးမှင်လေမှင်ပျောက်သွားပါမည် ။

၆။တိမ်ပြာ ဂမုန်းဥကို သန့်စ့်စင်စွာဆေးကြောပြီးထုထောင်း၍ အုံးပေးပြီးပတ္တီစည်းပေးပါ ။ နှစ်ခါလောက်ဆို သက်သာပျောက်ကင်းပါသည်။

၇။ထုံးနဲ့နနွင်းဖျော်ရည်ထဲ သံချောင်းမီးဖုတ်ထည့်လိုက်ပါ။အဲ့ဒီအရည်ကို လိမ်းပါ။ သက်သာပျောက်ကင်းပါတယ်။

၈။ကြက်သဟင်းပင်ရဲ့အမြစ်ကိုအချွန်လုပ်ပြီးတော့ မှင်ဖြစ်တဲ့နေရာကိုလိုက်ထိုးတာသက်သာပါတယ်။

၉။မျဉ်းကြောင်း မပါတဲ့စာရွက်ဖြူကိုပြာချပြီးအုန်းဆီနှင့်လိမ်းပေးပါ ။ သက်သာပျောက်ကင်းပါသည်။

၁၀။ရခိုင်ငှက်ပျော်သီးနဲ့ ကတတ်ရွက်ထောင်းပြီး အုံံထားပါ။တစ်အားပူပြီး စုပ်လွန်းလို့မခံနိုင်ရင် တစ်ချက်ခွာပြီး ပြန်ကပ်ပါသက်သာပျောက်ကင်းပါသည်။

၁၁။ကန့်ဆော်ဆီလူးပေးပါ။သောက်ပေးပါ။လက်တွေ့ပျောက်ကင်းပါသည်။

( အဆင်ပြေသော ဆေးနည်းကိုသုံးပါ ။ )

အမဲသား ဝက်သား ငပိ ငါးခြောက် ငှက်ပျောသီး ကောက်ညှင်း မစားရပါ သံံချဆေးသောက်ပေးပါ။

credit:မူရင်း

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။