အစ္စရေးထိုးစစ်အရှိန်မလျှော့သရွေ့ အကျဉ်းသား လဲလှယ်ရေး မဆွေးနွေးဘူးလို့ ဟားမတ်စ်ဆို

International News
အစ္စရေးထိုးစစ်အရှိန်မလျှော့သရွေ့ အကျဉ်းသား လဲလှယ်ရေး မဆွေးနွေးဘူးလို့ ဟားမတ်စ်ဆို

အစ္စရေး လေကြောင်းတိုက်ခိုက်မှု အပျက်အစီးပုံကြားက ပါလက်စတိုင်းတွေ

ဂါဇာမြောက်ပိုင်းမှာ ဘယ်ဆေးရုံမှ လည်ပတ်လို့ မရတော့ဘူးလို့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။

ဂါဇာတလွှား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး အီဂျစ်နဲ့ နယ်စပ် ရာဖာဂိတ်မှာ ထိပ်တန်း နယ်စပ် အရာရှိတယောက် သေဆုံးခဲ့ရသလို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း ပါလက်စတိုင်း အရပ်သား ၃ယောက် thayဆုံးတယ်လို့ ဟားမတ်စ်က ပြောပါတယ်။

ဒါ့အပြင် အစ္စရေးရဲ့ ထိုးစစ်အရှိန်မလျှော့သရွှေ့ အကျဉ်းသား လဲလှယ်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဂါဇာက အဖွဲ့အစည်းတွေက လက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လတ်တလော ဂါဇာ အပစ်ရပ်ရေး အီဂျစ်မှာ ဆွေးနွေးနေမှုကလည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ပြီး ကုလလုံခြုံရေး ကောင်စီမှာ မဲခွဲဖို့ ကိစ္စကလည်း နှောင့်နှေးမှုတွေနဲ့ လည်း ကြုံနေရပါတယ်။

တချိန်တည်းမှာ ပါလက်စတိုင်းအရပ်သားတွေ thetဖြတ် တိုက်ခိုက်ခံနေရတာကို ထုတ်ဖော်မပြောဘူးဆိုပြီး လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch HRW က ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် ကုမ္ပဏီ မက်တာကို စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် တို့က ဆင်ဆာဖြတ်တောက် ၊ ထိန်းချုပ်မှုပေါင်း ၁,၀၀၀ကျော် လုပ်တဲ့ အထောက်အထားတွေ ရထားတယ်လို့ HRW က ဆိုပါတယ်။

ဒါဟာ စနစ်တကျ အွန်လိုင်းပေါ်ကနေ ဆင်တာ ဖြတ်တောက်မှုပဲလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဂါဇာ ပဋိပက္ခမှာ အများပြည်သူ ခံစားနေရတဲ့ ပုံတွေ ၊ အကြောင်းအရာ ရေးသားချက်တွေကို သူတို့ လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားပစ်တဲ့အတွက် မက်တာရဲ့ အဖွဲ့အစည်းအတွင်းက သီးခြားလွတ်လပ်တဲ့ ဘုတ်အဖွဲ့ကိုယ်တိုင်ကိုက ဝေဖန်နေပါတယ်။

လက်ဘနွန်နဲ့ အစ္စရေး နယ်စပ်မှာ တိုက်ပွဲပြင်းထန်၊ အရပ်သားthayဆုံး ဒဏ်ရာရမှုတွေရှိ

မနေ့တညလုံး ဒုံးကျည်နဲ့ ပစ်ခတ်ခံရမှုတွေကြောင့် ဟစ်ဇဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်လို့ အစ္စရေး ပြော

လက်ဘနွန်တောင်ပိုင်းက ရွာတရွာမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈၀ ကျော် လက်ဘနွန်အမျိုးသမီး တယောက်thayဆုံးသွားပါတယ်။

အဲဒီနေရာမှာ အစ္စရေး တပ်တွေနဲ့ ဟစ်ဇဘိုလာ အဖွဲ့တို့ မနေ့ တညလုံး တိုက်ပွဲ ပြင်းထန်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။

အစ္စရေးရဲ့ အမြောက်ပစ်ခတ်မှုတွေကြောင့် နယ်စပ်နားမှာရှိတဲ့ မာရွန်အယ်လ်ရက်စ် မြို့နားက လူနေအိမ်ရာတွေပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တယောက်thayဆုံးပြီး သူ့ခင်ပွန်းကတော့ ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် အစိုးရ သတင်းအေဂျင်စီက ပြောပါတယ်။

ဟစ်ဇဘိုလာ ကတော့ အခုလို အစ္စရေးတိုက်ခိုက်မှုကြောင့် အရပ်သား thayဆုံးရတဲ့အပေါ် လက်စားချေ တုံ့ပြန် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

အစ္စရေး စစ်တပ်ကတော့ မနေ့တညလုံး ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတဲ့ အတွက် တုန့်ပြန်တဲ့အနေနဲ့ ဟစ်ဇဘိုလာ ပစ်မှတ်တွေကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။