လွဲမှားနေကြတဲ့ ပက္ခအယူအဆများ

Astrology
လွဲမှားနေကြတဲ့ ပက္ခအယူအဆများ

အများအားဖြင့် လိုင်းပေါ်မှာ ပက္ဓနဲ့ပတ်သက်ပီး မှားယွင်းနေတဲ့
အယူအဆတွေကို တွေ့ရပါတယ် အဲဒါဘာကြောင့်ဖြစ်ရတာလဲ
ဆိုတော့ ပက္ခ ဆိုတာနဲ့ မတည့်တာ ဆိုးတာ ဒုက္ခပေးတာ ဆိုတဲ့
အစွဲအလမ်းကြောင့်ပါ—–

ပက္ခ ဆိုတာ လိုအပ်ချက်တခုပဲဖြစ်ပါတယ် ဆိုးတာလဲမဟုတ်ပါ
မတည့်တာလဲမဟုတ်ပါ ဒုက္ခပေးတယ်ဆိုတာလဲ မဟုတ်ပါ ဒါဆိုရင်
ပက္ခ ဆိုတာဘာလဲ ပက္ခဆိုတာ အတူယှဉ်တွဲဖြစ်ပေါ်ပီး အစဉ်အမြဲ
လိုအပ်နေတဲ့ လိုအပ်ချက်တခုသာဖြစ်ပါတယ်–

ကိုယ့်မွေးနံနဲ့ကိုယ့်မိန်းမမွေးနံ ပက္ခဖြစ်လို့ ကိုယ့်မွေးနံနဲ့ကိုယ့်ယော
ကျားမွေးနံပက္ခဖြစ်လို့ ကိုယ့်သားသမီးနဲ့ မိဘတွေရဲ့မွေးနံပက္ခဖြစ်လို့
ကိုယ့်မွေးနံနဲ့ကိုယ့်ချစ်သူမွေးနံ ပက္ခဖြစ်လို့ မတည့်တာ ကွဲရတာ
အဆင်မပြေတာဆိုပီး ပြောဆိုနေကြတာအများကြီး တွေ့နေရပါတယ်

တချို့တွေ အချစ်ရေးဂြိုလ် တနင်္လာနဲ့ ပက္ခဖြစ်လို့ လူပျိုကြီး အပျိုကြီးတွေဖြစ်ရတယ်ဆိုတာ အချစ်ရေးဂြိုလ်တနင်္လာနဲ့ မတည့်လို့
မဟုတ်ပါဘူး အချစ်ရေးဂြိုလ် တနင်္လာဆိုးနေလို့လဲ မဟုတ်ပါဘူး
အဲဒီလို အချစ်ရေးဂြိုလ် တနင်္လာနဲ့ ပက္ခမိနေတိုင်းလဲ လူပျိုကြီး
အပျိုကြီး မဖြစ်ကြပါဘူး အများအားဖြင့် ပက္ခ ဆိုတာနဲ့ ဆိုးပီလို့
တသမတ်ထဲ လက်ခံထားလိုက်တဲ့ စိတ်အစွဲအလမ်းကြောင့်သာ
အဆင်မပြေမှု တခုခုတွေ့တာနဲ့ အဲဒီပက္ခကြောင့်လို့ပဲ ထင်လာ
တတ်ကြတယ်—-

တနင်္လာဆိုတာ လွှတ်လပ်ခြင်း ပျော်ရွင်ခြင်း ချစ်ခြင်း မေတ္တာကိုရည်
ညွှန်းပါတယ် တနင်္လာဂြိုလ်နဲ့ ပက္ခမိနေကြတဲ့ နေ့သားသမီး ဒါမှ
မဟုတ် အမည်ရှင်တွေဟာ လွှတ်လပ်ခြင်းနဲ့ဆိုင်တဲ့လိုအပ်ချက်
ရှိနေသူတွေ ပျော်ရွှငိခြင်းဆိုတဲ့ လိုအပ်ချက်ရှိနေသူတွေ ချစ်ချင်းမေ
တ္တာနဲ့ပတ်သက်ပီး နားလည်လက်ခံထားမှု လွဲမှားနေသူတွေလို့
သတ်မှတ်လို့ရပါတယ်—–

တချို့တွေ လွတ်လွတ်လပ်လပ် နေထိုင်သွားလာခွင့်ရနေသူတွေ ငွေ
ကြေး ဂုဏ်သိက္ခာနဲ့ ပြည့်စုံနေသူတွေ ရှိကောင်းရှိပါလိမ့်မယ် ဒါပေမဲ့
သူတို့တွေမှာ ပျော်ရွှင်ခြင်းဆိုတာနဲ့ ပတ်သက်ပီး နားလည်လက်ခံ
ထားမှုလွဲနေတတ်သလို တချို့တွေက လွတ်လွတ်လပ်လပ် နေထိုင်
သွားလာခွင့်မရှိလို့ ပျော်ရွှင်ခြင်းဆိုတာကို လိုအပ်နေသူတွေလဲ ရှိကြ
မှာပါ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပီးတော့လဲ ငဲ့ညှာရမှုတွေ စံနှုန်း
သတ်မှတ်မှုတွေကြောင့် အချစ်ရေး မေတ္တာရေးမှာ လိုအပ်ချက်တခုခု
ကိုဖြစ်ပေါ်လာရတာတွေလဲရှိကြပါလိမ့်မယ်—–

တနင်္လာဂြိုလ်ရဲ့ အဓိပါယ်ဖွင့်ဆိုချက်ကိုက မပွင့်လင်းတာ လျို့ဝှက်တါ
ဖုံးကွယ်တာ မတင်မကျမပြတ်မသားဖြစ်တာ ဆိုတဲ့ အဓိပါယ်တွေပါ
ဝင်နေပါတယ် အဲဒီ တနင်္လာဂြိုလ်ဟာ ကိုယ့်မွေးနံနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အမည် အဆုံးအက္ခရာနဲ့ ဖြစ်ဖြစ် ပက္ခ မိပီဆိုရင်တော့ မိမိမှာ
အဲဒီ မပွင့်လင်းတာ မပြတ်သားတာ လျို့ဝှက်တာ ဖုံးကွယ်တာ အုံ့ပုန်း
ဖြစ်တာ ဆိုတာတွေက အလိုလိုဝင်ရောက်လာတတ်ပါတယ် အဲဒီစိတ်
တွေကို မဖယ်ရှား မတွန်းလှန်နိုင်ကြသူများကတော့ တနင်္လာဂြိုလ်
ရဲ့ ချယ်လှယ်သမျှတွေကို ခံနေရအုံးမှာပါ—-

အပျိုကြီးဖြစ်တာ မကောင်းဘူးလား လူပျိုကြီး ဖြစ်တာမကောင်းဘူး
လားဆိုပီး ပြန်မေးလာကြရင်တော့ အပေါ်မှာတင်ပြထားတဲ့ လျို့ဝှက်လို့ ဖုံးကွယ်လို့ မပွင့်လင်းလို့ မပြတ်သားလို့ အုံ့ပုန်းဖြစ်လို့
ဆိုတဲ့ တနင်္လာဂြိုလ် ချယ်လှယ်တာခံရလို့ လူပျိုကြီး အပျိကြီးဖြစ်တာ
ရှိသလို အဖေအမေကိုငဲ့လို့ ညီကိုမောင်နှမတွေကိုငဲ့လို့ စံနှုန်းသတ်မှတ်မှုတွေများလို့ ဆိုပီး အပျိုကြီး လူပျိုကြီး ဖြစ်ကြရတာတွေလဲ
ရှိမှာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့ ပက္ခမိနေတဲ့ တနင်္လာဂြိုလ်ရဲ့
အင်အားကို ရုန်းမထွက်နိုင်ကြလို့ ဖြစ်ကြရတာပါ—

တချို့ကလဲ အိမ်ထောင်ပြုဖြစ်ကြတယ် တချို့က အိမ်ထောင်ရေး
တော့ တည်မြဲကြပါရဲ့ တအိမ်ထဲအတူနေပီး အခန်းခွဲအိပ်နေကြသူတွေ
တအိမ်ထဲအတူနေပီး စကားမပြောကြသူတွေ ရှိကြသလို တချို့က
တော့ ကွဲကွာသွားကြတဲ့အထိ ဖြစ်ကြရတာဟာလဲ အဲဒီ တနင်္လာဂြိုလ်
ရဲ့ ပရိယာယ်တွေကို မတွန်းလှန်နိုင်လို့ ဖြစ်ကြရတာပါပဲ—-

ဒါကြောင့် ကိုယ့်မွေးနံနဲ့ ဖြစ်ဖြစ် ကိုယ့်အမည်အဖျားစာလုံးနဲ့ပဲဖြစ်ဖြစ်
ပက္ခမိနေတဲ့ ဂြိုလ်ရဲ့ ဆိုးတဲ့ပရိယာယ်တွေကို တွန်းလှန်နိုင်အောင်
ကြိုးစားသူ တွန်းလှန်နိုင်သူတွေအဖို့ အဲဒီဂြိုလ်ရဲ့ ကောင်းတဲ့ပရိယါယ်
တွေကို လက်တွေ့ခံစားရမှာပါ ဂြိုလ်တိုင်းမှာ ကောင်းတဲ့အကျင့်စရိုက်
လို့ပဲခေါ်ခေါ် ပရိယာယ်လို့ပဲခေါ်ခေါ် အမြဲရှိနေသလိုပဲ ဆိုးတဲ့အကျင့်
စရိုက် ဆိုးတဲ့ပရိယာယ်လဲ အမြဲရှိနေပါတယ်—

ပက္ခမိနေသူအများစုဟာ အဲဒီ ဆိုးတဲ့ပရိယာယ် အကျင့်စရိုက်တွေ
ကို မတွန်းလှန်နိုင်ကြလို့သာ ဆိုးတယ်လို့ထင်ရတဲ့ အဖြစ်တွေကို
ကြုံတွေ့ကြရတာပါ အခုသိ အခုပြင်ရင် ဘယ်ဂြိုလ်ပဲ ပက္ခမိမိ ဘဝ
တိုးတက်မဲ့ အခြေအနေကို ကြုံတွေ့ကြရမှာဖြစ်လို့ ပက္ခဆိုတာကြီး
ကို ဆိုးတယ်လို့ တထစ်ချမှတ်ယူထားခြင်းမှ ပက္ခဆိုတာ ကိုယ့်အပေါ်
မှာပဲ မူတည်တယ်လို့ အမြင်မှန်ရကြမယ်ဆိုရင်ဖြင့်*

ရေးသားသူ –Than Hlaing

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။