ငွေ မပြတ် ဝင်စေတဲ့ အဆောင်

Astrology
ငွေ မပြတ် ဝင်စေတဲ့ အဆောင်

ကျွန်ုပ်သည် ရန်ကုန်မှ မင်းတုန်းမြို့သို့ ခရီး ထွက်လာခဲ့လေ၏။ ရန်ကုန်မှ အောင်လံမြို့ ယခင် (မြေထဲမြို့) ကို ညနေ ရောက်ရှိခဲ့လေ၏။ ဤသို့ဖြင့် ကျွန်ုပ်သည် အောင်လံမြို့မှ သရက်မြို့ကို စက်လှေဖြင့် ဧရာဝတီမြစ်ကိုဖြတ်၍ ကူးလာခဲ့၏။

သရက်မြို့ကို ညမိုးချုပ်မှ ရောက်ရှိခဲ့လေရာ သရက်မြို့၌ တစ်ည တည်းခိုလိုက်လေ၏။ မနက်ရောက်လျှင် သရက်မှ မင်းတုန်းမြို့သို့ ခရီး ဆင်လက်ထွက်ခွာ လာခဲ့ပြန်၏။
ကျွန်ုပ်သည် မင်းတုန်းမြို့ရှိ ဆရာတော်ဘုရားကြီးထံမှ မဟာဗုဒ္ဓရူပံ ပထမံ အင်းကျမ်းကြီးကို သွားရောက် ယူဆောင်ရခြင်းပင် ဖြစ်လေသည်။ မင်တုန်မြို့၌ တစ်ညတည်ခိုးပြီး မင်းတုန်းမြို့မှ သရက်မြို့ဆီသို့ ပြန်လည်လာခဲ့လေ၏။ သရက်မြို့ ရောက်လျှင် ဘုန်းကြီးကျောင်း၌ပင် တည်းခိုပြီး ညဖက်ရောက်တိုင်း ရွှေသလွှတ် ဘုရားရင်ပြင်တွင် ပုတီး စိပ့်လေ့ရှိ၏။

ထို ဘုန်ကြီးကျောင်းနှင့် မလှမ်းမကမ်း မြကျွန်းသာ ရပ်ကွက်ကလေး တစ်ခု၌ နေထိုင်သော လူငယ်တစ်ဦးသည် ကျွန်ုပ် ပုတီးစိပ်နေသော အခါ၌ မှတ်ခြင်ယင်များ မကိုက်ရလေအောင် ယပ်တောင် တစ်ချောင်းဖြင့် ယပ်ခတ်ပေးလေ့ ရှိ၏။
ပြီးလျှင် ကျွန်ုပ် သောက်ရန်အတွက် လက်ဖက်ရည်ကို သွားရောက် ဝယ်ယူပေးတတ်၏။ ကျွန်ုပ်နှင့် ပတ်သက်သော ဝတ္တတရားများကို ပေါ့ပါးသွက်လက်စွာ လာရောက် လုပ်ကိုင် ပေးတတ်လေ၏။

ထို လူငယ်အမည်မှာ လူမော် ဟု သိရ၏။ လူမော်သည် အသောက်အစား အနည်းငယ် ရှိ၏။ လောင်းကစားလည်း ဝါသနာ ပါ၏။ လူမော်သည် အစဉ်သဖြင့် ငွေရေးကြေးရေး အကျပ်အတည်း ကြုံလေ့ရှိ၏။

ကျွန်ုပ် ရောက်ပြီး ဆယ်ရက် ပြည့်သောနေ့၌ လူမော်သည် ကျွန်ုပ် တည်းခိုနေထိုင်သော ဘုန်ကြီးကျောင်းသို့ ရောက်လာလေ၏။ မောင်လူမော်သည် ကျွန်ုပ်ကို တွေ့လျှင်…
ဆရာကြီးဆီမှာ ကျနော် အကူအညီ တောင်းစရာ ရှိပါတယ်။ ဆရာကြီးကို ကျနော် စမြင်တွေ့ကတည်းက လေးစားမိပါတယ်။ မနေ့က ပုတီး မစိပ်ခင် အင်းလိုလို စမလိုလို ပုံစံတွေ ဆွဲနေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာကြီး ဂမ္ဘီရလောကီ အတတ်ပညာတွေ တတ်မှာပါ။

ကျနော်မှာက မိန်းမရော ကလေးတွေရော ရှိပါတယ်။ ကျနော်က ရုံဝန်ထမ်းဆိုတော့ အိမ်မှာ စားစရိတ်က မလောက်မငနဲ့ ကြပ်တည်းပါတယ်။ ကျနော်က အသောက်အစားလည်း နည်းနည်း ရှိတယ်။ ဒီကြားထဲ လောင်းကစားလည်း လုပ်မိပါတယ်။
ဒီတော့ ဆရာကြီး မပြန်ခင် စီးပွား လာဘ်လာဘများ ရွှင်တဲ့ အဆောင်တို့ ယတြာတို့ ရှိရင် ကျနော်ကို ပေးခဲ့ပါလား ဆရာကြီး
ဟု သနားစဖွယ် ပြောလေ၏။

ကျွန်ုပ်သည် လူမော်အား လွန်စွာ သနားဂရုဏာ သက်မိ၏။ ထို့နောက် ကျွနုပ်သည် အတန်ကြာ အာရုံပြု စဉ်စား၍ နေပြီးနောက်…
ဒီမှာ မောင်လူမော် မင်း ချမ်းသာချင်ရင်တော့ ဆရာပြောတာ သေချာ လုပ်ရလိမ့်မယ်။ မင်းတို့ အနီးအနားက ညောင်ပင်ကြီးကြီး တစ်ပင်ကို နေ့လည် ၁၂ နာရီ တိတိ ရောက်အောင် သွားပြီး အနောက်စူးစူး အရပ်ကို မျက်နှာမူပြီ တစ်ရာ့ရှစ်လုံး ပုတီးနဲ့ အရဟံ ပုတီးတစ်လုံးချ ပုတီး ကိုးပတ် သွားစိပ်ရမယ်။ မောင်လူမော်အတွက် လွန်စွာ အကျိုးထူးလိမ့်မယ်ကွဲ့နော်။

ပြီးတော့ မောင်လူမော်ကို အဆောင်တခုလည်း ချီးမြှင့်ခဲ့မယ်။ ဒီအဆောင်ပုံလေးကို ကိုယ်နှင့်မကွာ ဆောင်ထား ပြီးတော့ အဆောင်ပုံလေးကို ကိုယ်ကိစ္စ အတွက် တိုင်တည် ဆုတောင်းရမယ်နော်။
ဟု ပြောလိုက်ရာ မောင်လူမော်က…
ဟုတ်ကဲ့ပါ ဆရာကြီး ကျနော် အလေးအနက် လိုက်နာ ဆောင်ရွက်ပါ့မယ်။
ဟု ဆိုကာ ဝမ်းမြောက် ဝမ်းသာစွာ ပြန်သွားလေ၏။

ဤသို့ဖြင့် ကျွန်ုပ်သည် ရန်ကုန်သို့ ပြန်ရောက်ပြီး တစ်လခန့် အကြာတွင် မောင်လူမော်ထံမှ ဖုန်ဆက် လာလေသည်။ ကျွန်ုပ် ပြောကြားခဲ့သည့်အတိုင်း ညောင်ပင်၌ ပုတီးစိပ်ဖြစ်ကြောင်းနှင့် အဆောင်ပုံလေးကို တိုင်တည် ဆုတောင်းခဲ့ရာ လွန်စွာမှပင် သိသိသာသာ အစွမ်းထက်လှပါကြောင်း သူ၏ ဘဝမှာလည်း မျက်လှည့် ပြလိုက်သလို တခါမှ မနိုင်ဖူးတဲ့ လောင်းကစားကိစ္စမှာလည်း အမြဲလိုလို နိုင်လာကြောင်းနှင့် ငွေတွေဟာ လမ်းကြောင်းပေါင်းများစွာက အဆက်မပြတ် ဝင်လာကြောင်း အလုပ်အကိုင်များ တစနဲ့တစ အဆင်ပြေလာကာ အဲ့ခုဆို နေအိမ်ကိုလည်း အသစ်ပြုပြင် ပြန်လည်၍ တည်ဆောက်နိုင်ကြောင်း ပြောဆိုလာလေ၏။

ခုနှစ်ရက်သားသမီးများ အားလုံး အသုံးပြုနိုင်အောင်လည်း ထို ငွေမပြတ် ဝင်စေသော အဆောင်ပုံလေးကို ဖော်ပြပေးထားပါတယ်။

မာန်သစ်ခိုင်၏ ဆောင်ပါးမှ ပြန်လည် ရေးသား ဖော်ပြပေးလိုက်ပါကြောင်း။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။