ငွေကြေးမရှိသော်လည်းပေးကမ်းနိုင်သောအလှူဒါန(၇)မျိုး

Astrology
ငွေကြေးမရှိသော်လည်းပေးကမ်းနိုင်သောအလှူဒါန(၇)မျိုး

ထို(၇)မျိုးမှာ …

၁။ မျက်နှာ ဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း = အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း ။

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း = အားပေးစကား ၊ နှစ်သိမ့်စကား ၊ ချီးကျူးစကား ၊ ညှာတာစကား ၊ နွေးထွေးသောစကားများ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း = စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း ။

၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း = ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကို ကြည့်မြင်တတ်ခြင်း ။

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း = ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း ။

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း = လှေစီး ၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ ထိုင်ခုံနေရာကို ထိုင်စေခြင်း ။

၇။ နေအိမ်အလှူဒါနပြုခြင်း = မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း ။ မည်သူမဆို ဤအလှူဒါန(၇)မျိုးသော ကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာမည်သာ ဖြစ်ပါသည်။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။