နှလုံးသွေးကြောပိတ်တာကို သန့်စင်၊ အသည်းအဆီဖုံးကာကွယ်၊ဆီးချိုသွေးချိုကာကွယ်၊ ဝိတ်ကျစေတဲ့ ဝဥ

Health Knowledge
နှလုံးသွေးကြောပိတ်တာကို သန့်စင်၊ အသည်းအဆီဖုံးကာကွယ်၊ဆီးချိုသွေးချိုကာကွယ်၊ ဝိတ်ကျစေတဲ့ ဝဥ

ဝဥဟာ နှစ်ရှာခံ ပျော့ပင်မျိုးဖြစ်ပါတယ်။သစ်ရိပ်ဝါးရိပ်နဲ့ အရိပ်အာဝါသကောင်းတဲ့ နေရောတွေ၊ အစိုဓါတ်ကောင်းတဲ့ နေရာတွေမှာ သဘာဝအတိုင်း ပေါက်ရောက်လေ့ရှိပါတယ်။ဝဥဟာ ဆေးဖက်ဝင် သစ်ဥသစ်ဖု ဖြစ်သလို စာသောက်ကုန်အမျိုးမျိုးကိုလည်း ထုတ်လုပ်စားသုံးနိုင်တဲ့အတွက် နိုင်ငံခြားထိ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဝဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြရရင်တော့

အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။အဆီ ပါဝင်မှုနည်းတဲ့ အစားအစာဖြစ်သလို ကိုလက်စထရော ပါဝင်မှုများလို့ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောပိတ်တာကို သန့်စင်ပေးပါတယ်။ဒါ့ကြောင့် နှလုံးရောဂါ ကင်းဝေးစေမှာပါ။

မဂ္ဂနီဆီယမ်၊ ဖော့စဖောရ်စ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ တခြားအဟာရဓါတ်တွေ များစွာပါဝင်လို့ မှတ်ဉာဏ်ကိုကောင်းမွန်စေသလို အာရုံစူးစိုက်မှုကို အားကောင်းစေပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်ပေးပြီးအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။အခုလို ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ အသည်းအဆီဖုံးတာမျိုး မဖြစ်စေဘဲ အသည်းကို ကျန်းမာစေမှာပါ။

ရေမှာ ပျော်ဝင်နိုင်ပြီး ဖောင်းပွမှု အားကောင်းတယ်။ဒါ့ကြောင့် စားသုံးသူကို ဗိုက်ပြည့်စေပြီး အဆာခံနိုင်ပါတယ်။ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန်မှန်ပြီး ကျန်းမာစေမှာပါ။ ကင်ဆာဖြစ်စေတဲ့ Carcinogens ကို တိုက်ဖျက်ပေးနိုင်တဲ့ Diosgenin ပါဝင်ပါတယ်။

ကာဘွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်လည်းပါဝင်ပြီး သင့်ရဲ့ စွမ်းအင်တွေကို မြင့်တင်ပေးပါတယ်။

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးပါတယ်။ အင်ဆူလင် ပမာဏ ပါဝင်မှုနည်းလို့ သွေးတွင်းသကြားဓါတ်ကို လျှော့နည်းစေပြီး သကြားဓါတ်ကို စုပ်ယူဖယ်ရှားပေးနိုင်တဲ့အတွက် ဆီးချို သွေးချို ရောဂါ ကာကွယ်ပေးနိုင်ပါတယ်။ဟော်မုန်းကိုလည်း ညီမျှစေပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ဝဥမှာ အဟာရဓါတ်တွေ မြင့်မားစွာပါဝင်နေလို့ စားသုံးသင့်ပါတယ်။

Credit-MyFood Myanmar

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။