အမျိုးသားထုကြီးရဲ့အသည်းစွဲဖြစ်တဲ့ နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်တို့နဲ့အတူ အဆိုတော် အောင်လတို့ ပြန်လည်လွတ်မြောက်

Celebrity Local News
အမျိုးသားထုကြီးရဲ့အသည်းစွဲဖြစ်တဲ့ နန်းမွေစံနဲ့ သင်ဇာဝင့်ကျော်တို့နဲ့အတူ အဆိုတော် အောင်လတို့ ပြန်လည်လွတ်မြောက်

သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် မော်ဒယ်လ် နန်းမွေစံ တို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အီလက်ထရွန်နစ်ဥပဒေနှင့် တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အား စွဲဆိုခဲ့သည့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ – ၃၃ သည် ပြစ်မှုထင်ရှားစီရင်ခံရပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မလည်း ဖြစ်သည်။

ဒီကနေ့မှာတော့ မော်ဒယ်နန်းမွေစံနဲ့ သင်ဇာတို့ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်ရာအသိုင်းဝိုင်းကနေ ဖော်ပြထားတာတွေ့ရပါတယ်။အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ model နန်းမွေစံ တို့ကို အီလက်ထရွန်နစ် ဆွက်သယ်ရေး ဥပေဒပုဒ်မ ၃၃(က) နဲ့ ထောင်ဒဏ်များချမှတ်ခံထား ရာ ဇန်နဝါရီ (၄) ရက် လတ်လပ်ရေးနေ့ အထိမ်းအမှတ် လတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးလိုက်ကြောင်းသိရှိပါတယ် ။ ၂၀၂၂ ခုနှစ် ဩဂုတ်မှာ တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်များချမှတ်ခဲ့ တာကြောင့် ယခု တစ်နှစ်ခွဲ ခန့်အကြာမှာ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် လွှတ်ပေးလိုက်တာဖြစ်ကြောင်းသိရပါတယ် ။

အဆိုတော်အောင်လ ဟာလည်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်မှာပါဝင်ပြီး လွတ်မြောက်လာပြီပဲဖြစ်ပါတယ်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား (၉၀၀၀) ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု နစက က သတင်းထုတ်ပြန်ထားသည်။

ရေးသားသူ- Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။