(3)မိနစ်မန်ယူက အခြေအနေတော်တော်ဆိုးနေပြီဆိုတဲ့ မော်ဒယ်မှူးသခင်

Celebrity Local News
(3)မိနစ်မန်ယူက အခြေအနေတော်တော်ဆိုးနေပြီဆိုတဲ့ မော်ဒယ်မှူးသခင်

သရုပ်ဆောင်မှူးသခင်ကတော့ အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေ နဲ့ အတူကျရာဇာတ်ကောင်မှာအပီပြင်ဆုံး၊အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်ပရိတ်သတ်ကြီး ရဲ့အားပေးမှုကို အခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။ မှူးသခင်ဟာ ကေမ္ဘာဇဓါးသမား ဇာတ်လမ်းတွဲမှာ ပရိသတ် အားပေးမှု ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ပရိသတ်တစ် ဦးအဖြစ်လည်း လူသိများပါတယ်။ ချစ်စရာမျက်နှာလေးနဲ့ အမူအယာတွေကြောင့် လူမူ့ကွန်ယက်မှာ ပရိသတ်အားပေးမှု မြင့်တက်လျက်ရှိပါတယ်။

ယခုအခါမှာတော့ သူမအားပေးတဲ့ မန်ယူဘောလုံး အသင်းကဒီနှစ်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ဒီနေ့မှာ အင်တာဗျူးတစ်ခုမှ သူမကြိုက်တဲ့ မန်ယူအသင်းနဲ့ ပက်သက်ပီး “အရင်တစ်ချိန်က မန်ယူနဲ့ ဒီနေ့ မန်ယူက ဘာမှကို မဆိုင်ဘူးပေါ့နော် အခုနေရာက အဆင့် ၈ မှာရှိနေ ပီးအ ရင်က ချိန်ပီယံ လိဒ်ထဲ၀င်သေးတယ်လေ အခုက နောက်ထပ် ရှုံးပဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ အခြေအနေ တော်တော်ဆိုးတာပေါ့နော် တစ်ချိုက ကောင်းတဲ့ အချိန် လည်းကောင်းတယ် မကောင်းတဲ့ အချိန်လည်း မကောင်း ဘူးပေါ့နော် .မန်ယူကိုအားပေးတာ နဲနဲ့ စိတ်ညစ်ရတာပေါ့ ဘောလုံးက ဝါသနာပါတယ် ဖေဖေရှိကတည်းက ငယ်ငယ်ထဲက လက်ဖက်ရည်ဆိုင်မှာ ဖေဖေအတူတူ သွားကြည့်ဖြစ် တာပေါ့ဘောလုံးပဲကို အရမ်းကြိုက်ခဲ့တာပေါ့

တစ်ချို့ကေတာ့ ကျွန်မကို မန်ယူအသင်းနဲ့ ပက်သက်ပီး အတန်းရှင်းရှာတယ်ဆိုပီး ပြောကျတာလည်းရှိပါတယ် အဲဒါဒကို စိတ်ထဲမှာ ဂရုမစိုက်ပါဘူး ကိုယ့်ကလည်း တစ်ကယ်ကြိုက်တာပေါ့န.. မန်ယူနဲ့ ပက်သက်ပီး အမြဲတမ်းလေ့လာဖြစ်ပါတယ် အရင်ခေတ်ကဆို ခရာ မမှတ်မချင်း မန်ယူ ရှုံးပြီလို့ ပြောလို့ မရဘူး။ (၃) မိနစ် မန်ယူ ဆိုပြီး ဖြစ်ခဲ့တာလေ။ အခုတော့ မန်ယူ က အခြေအနေ ဆိုးနေပြီ…” လို့ပြောပြသားခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။