သမီးဖြစ်သူစစ်လွန်းဝတီထက်ရဲ့(၁၃)နှစ်ပြည့်မွေးနေ့မှာ မွေးဖွားခါစပုံလေးတွေနဲ့မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

Celebrity Local News
သမီးဖြစ်သူစစ်လွန်းဝတီထက်ရဲ့(၁၃)နှစ်ပြည့်မွေးနေ့မှာ မွေးဖွားခါစပုံလေးတွေနဲ့မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ထက်ထက်မိုးဦး

ထက်ထက်လို့ပရိသတ်ချစ်စနိုးခေါ်တဲ့ ထက်ထက်မိုးဦးကတော့တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ကြော်ငြာမင်းသမီးဆိုပြီး နာမည်ကြီးခဲ့သူပါ။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေခပ်ကျဲကျဲသာလုပ်ကိုင်ခဲ့တာဖြစ်ပြီး ပရိသတ်နဲ့အလှမ်း ကွာဝေး ခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်ရဲ့ အချစ် ကိုပြန် လည် သိမ်း ပိုက်ကာ လူပြောများရေပန်းစားနေပြန်ပါပြီ။ ထက်ထက် က ကိုဗစ်ကာလအတွင်းမှာ အွန်လိုင်းက နေပြီးတော့ live saleတွေလုပ်ခဲ့ပြီး အံ့သေလာက်စရာပမာဏ အထိရောင်းချနေရတာပဲဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ရေး ဖက် မှာ ကံမကောင်းပင်မဲ့လည်း သူမ ရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သမီးလေး တယောက်ရှိတာကိုလည်း ပရိသတ်တွေ သိပီးသားဖြစ်မှာပါ။

သူမရဲ့ သမီးလေး စစ်လွန်းဝတီထက်က ပရိသတ်ရဲ့ အချစ်တော်ဖြစ်တဲ့ မင်းသမီးကြီး ထက်ထက်မိုးဦးရဲ့ တစ်ဦးတည်းသော သမီးလေးပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ချစ်စရာကောင်းလှတဲ့ကလေးတစ်ယောက်ဖြစ် တာကြောင့် ပရိသတ်အချစ်ပိုခဲ့ရတဲ့ ကလေးလေးကတော့ အခုဆိုရင်အပျိုပေါက်လေးအရွယ်တောင်ရောက်နေခဲ့ပြီပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ စစ်လွန်းလေးရဲ့(၁၃)နှစ်ပြည့်မွေးနေ့မှာ ထက်ထက်က-

“မေမေ့အသဲနှလုံးHappy birthday
၁၃နှစ်ပြည့်သွားပြီဖြစ်တဲ့ချစ်သမီးလေး တစ်သက်လုံးကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့အေးချမ်းပါစေ သမီးဖြစ်ချင်တဲ့ဆရာဝန်ကြီးဖြစ်ပြီးငယ်ငယ်လေးကထဲကဝါသနာပါတဲ့အနုပညာမှာလဲအောင်မြင်မှု့ထိပ်ဆုံးရောက်ပြီးလင်းလက်တဲ့ကြယ်လေးတစ်ပွင့်ဖြစ်ပါစေကွယ်အများအကျိုးသယ်ပိုးနိုင်ပီးသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်
ကိုယ်ထူးပုဂ္ဂိုလ်မြတ်ဖြစ်ပါစေမေမေ့ချစ်ဆုံးသမီးလေးရေ” ဆိုပြီးမွေးနေ့ဆုတောင်းပေးလာခဲ့တာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။