တုတ်တုတ်ဆိုင်ကယ်မောင်းတဲ့ ကိုထွန်းဆိုပြီး ယောကျ်ားဖြစ်သူကို စနောက်ရင်း ပရိသတ်ကြီးကိုပါ ဝေမျှပေးလာတဲ့ ပိုးကြာဖြူခင်

Celebrity Local News
တုတ်တုတ်ဆိုင်ကယ်မောင်းတဲ့ ကိုထွန်းဆိုပြီး ယောကျ်ားဖြစ်သူကို စနောက်ရင်း ပရိသတ်ကြီးကိုပါ ဝေမျှပေးလာတဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်က ပရိသတ်ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်ရဲ့ အချစ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလှတဲ့ ရုပ်ရည်အပြင် သရုပ်ဆောင်စွမ်းရည်ကလည်းပြည့်ဝလွန်း လှတာကြောင့် ပရိသတ်များစွာကိုပိုင် ဆိုင် ထားတဲ့ သူတစ်ယောက်ပါ ။မင်းသမီးချောလေး ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ ပရိသတ်ရဲ့ အားပေးမှုကို အပြည့်ရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်

ပိုးကြာဖြူခင်ဟာ လက်ရှိခင်ပွန်းရဲ့ သား သမီး ၃ ယောက်ကိုလည်း မိခင်အရင်းသဖွယ် အစစ အရာရာ ဂရုတစိုက်နဲ့ လုပ်ပေးနေတာလည်းတွေ့ရပါတယ်။ ပိုးကြာဖြူခင်ဟာ မင်္ဂလာဆောင်ပီး သားဦးလေး ကိုယ်၀န်ကိုလွယ်ထားခဲ့သူဖြစ်ပီး နို၀င်ဘာ (၅) ရက်နေမှာ အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပီး သားဦးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ် သူမက သားဦးလေး ရဲ့ အမည်ကို အဖေနာမည် နဲ့ ပိုးကြာဖြူခင် ရဲ့ နာမည်အရင်းပါအောင် သခင်မြင့်မိုရ်ထွန်းဆို တဲ့ နာမည်ကို ပေးခဲ့တာပဲဖြစ်ပါတယ်။

အခုအခါမှာတော့ ပရိသတ်တွေက ခင်ပွန်းဖြစ်သူ ကို့ထွန်းကို ကယ်ရီသမားရုပ်ဆိုပြီး စနောက်ပြောဆိုနေကျတဲ့ အပေါ် သူမကပါ စိတ်မဆိုးတဲ့အပြင် “တုတ်တုတ်စီးချင်လို့ ပီကေရောင်းတဲ့ ဘဝသမားလေး ပီကေထွန်း လာပါဦး “ဆိုတဲ့စာသားလေးကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပုံနှင့်တကွ ခင်ပွန်းသည်ကိုစနောက် တင်ပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။