2024 နှစ်သစ်မှာ ပရိသတ်တွေရွှေမိုး ငွေမိုးတွေရွာပါစေလို့ အဝေးကဆုတောင်းပေးလိုက်တဲ့ စမိုင်းလ်

Celebrity Local News
2024 နှစ်သစ်မှာ ပရိသတ်တွေရွှေမိုး ငွေမိုးတွေရွာပါစေလို့ အဝေးကဆုတောင်းပေးလိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ အနုပညာလောကထဲကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်လာခဲ့သူ စမိုင်းလ် ကတော့ ပရိသတ်တွေ သဘောကျအားကျရတဲ့ အနုပညာရှင်တယောက်ပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။သူမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး ထူးခြားတဲ့ရုပ်ရှင်ကြောင့် ပရိသတ်သတိထားမိခဲ့ပြန်ပါတယ်။

ဒီလိုအောင်မြင်မှုရရှိခဲ့တဲ့ သူမက အနုပညာလှုပ်ရှားမှုကိုဆက်လက်မလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့ချစ်သူနဲ့ လက်ထက်ခဲ့ပြီး နိုင်ငံရပ်ခြားကို့ထွက်ခွာသွားခဲ့ပါတယ်။

သူမတို့ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အတူတကွကြိုးစားခဲ့ပြီးနောက် လက်ရှိမှာတော့ လူချမ်းသာစာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။စမိုင်းလ် တို့မိသားစု ဟာ အ‌မေရိကန်နိုင်ငံမှာ နာမည်ကြီး Youtuber တစ်ဦးရဲ့ စံအိမ်ကြီးကို တန်ဖိုးကြီးပေးပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ မြန်မာနိုင်ငံသားအနေနဲ့ ပထမဆုံးအင်တာဗျူးဖော်ပြခြင်း ခံလိုက်ရတာကြောင့်လဲ ဂုဏ်ယူခဲ့ရပါသေးတယ်။

အခုအခါမှာတော့ ပရိသတ်အချစ်တော် မင်းသမီး စမိုင်းလ်ကတာ့ နှစ်သစ်မှာ ချစ်တဲ့ ပရိသတ်ကို ဆုတောင်းစကားလေးပြောလိုက်ပါတာပဲဖြစ်ပါတယ်စမိုင်းက “Hello 2024 let it rain money ရွှေမိုးငွေမိုးတွေရာပါစေ” ဆိုပီး အမိုက်စားပုံနဲ့ လူမူ့ကွန်ယက်စာမျက်နှာထက်မှာတင်ပေးလာတာပဲဖြစပါတယ်

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။