ရုတ်တရက်ချမ်းသာပြီး ဥစ္စဓနအစုအပုံလိုက်ရရှိသူ

Astrology
ရုတ်တရက်ချမ်းသာပြီး ဥစ္စဓနအစုအပုံလိုက်ရရှိသူ

လှံထမ်းလာတာကို မြင်ရပေမယ့် ကံထမ်းလာတာကိုမမြင်ရဘူးဆိုတဲ့ ဆိုရိုးရှိတဲ့အတိုင်း ကံတရားကို အလေးမထားလို့မရပါဘူး။ အလွန်ဆင်းရဲနေသည်ဆိုအုန်းတော့ ကံတစ်ချက်အကောင်းမှာ ရတနာပုံဆိုက်လာတတ်တာ ပါဘဲ။ အတိတ်ဘဝက ကုသိုလ်ကံပေးလာတဲ့အခါ ပုံနေလည်းမရဘူး ချမ်းသာခြင်း၊ပြည့်စုံခြင်း ဆိုတာ ဖြစ်ကို ဖြစ်လာရမှာပါ။အချိန်တစ်ခုမှာ အိမ်မက်ပမာ စိတ်ကူးပင်မယဉ်ဖူးသော ချမ်းသာစည်းစိမ်တွေ အပုံလိုက်ရရှိတတ်သူတွေရဲ့ လက္ခဏာကို လေ့လာကြည့်မယ်ဆိုရင် တူညီတဲ့အချက်တစ်ခုကို တွေ့ရတတ်တယ်။ အလွန်ဆင်းရဲတဲ့ဘဝကနေ အလွန်ချမ်းသာတဲ့ သူတွေမှာ ပါတတ်တဲ့ အမှတ်အသားတစ်ခုပါ။

လက်ကောက်ရစ်ကနေ ထွက်ပေါ်လာတဲ့ အထက်ဘက်ကိုတက်နေတဲ့ ကံလမ်းကြောင်းလမ်းသွယ်လေးတစ်ခုဟာ တနင်္လာဂြိုဟ်ခုံဆီကို ဦးတည်နေပြီး တနင်္လာဂြိုဟ်ခုံမှာရှိတဲ့ ခရီးသွားလမ်းကြောင်းကို ဖြတ်ပြီး ကြက်ခြေပုံစံဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကို တွေ့ရတဲ့အခါ လက္ခဏာရှင်ဟာ အိမ်မက်ပမာ ချမ်းသာခြင်းတွေ ဖြစ်လာမယ့်သူလို့ ပြောလို့ရပါတယ်။

ဒီအခြေအနေမှာ ခရီးသွားလမ်းကို ဖြတ်လိုက်တဲ့အတွက် ခရီးသွားရင်း အခွင့်အရေးတွေရမယ်လို့ ပြောလို့ရပါတယ်၊ တစ်ခုတော့ရှိပါတယ်၊ ဖြတ်လိုက်တဲ့အတွက် ခရီးသွားရင်း ခက်ခဲတဲ့ စွန့်စားခြင်းတွေတော့ လုပ်ရတတ်ပါတယ်၊ ဒီလိုစွန့်စားမှု့တွေကနေ အကျိုးအမြတ်အကြီးစားတွေရပြီး အိမ်မက်သလို နေ့ချင်းညချင်း ဥစ္စာစီးပွားတွေ တောင်လိုပုံခဲ့ရတာမျိုးဖြစ်မှာပါ။ဒီအမှတ်အသားပါခဲ့မယ်ဆိုရင်တော့ အတိုချုပ်မှတ်ချက်ပေး ရမယ်ဆိုရင် –

– မမျှော်လင့်ဘဲ ဥစ္စာဓနတွေ တောင်လိုပုံပြီး အလွန်ချမ်းသာလာမယ်။

– နိမ့်ကျဆင်းရဲတဲ့ ဘဝဖြစ်ပါစေ တစ်ချိန်မှာတော့ အလွန်အထက်တန်းကျတဲ့ဘဝကို ရောက်ကိုရောက်ရမယ်။

– ပါတ်ဝန်းကျင်က အံ့သြဂုဏ်ပြုရတဲ့အခြေအနေ ရောက်လာမယ်၊ ဘဝဟောင်းနဲ့ လုံးဝမတူတဲ့ အခြေအနေကို ရက်တိုတိုနဲ့ ချက်ချင်းရောက်မယ်။

– သတိထားရမှာကတော့ ဥစ္စာဓန ဂုဏ်ကြောင့် ဘဝမေ့တတ်ပြီး အဆင့်အတန်းခွဲတတ်တဲ့ အလေ့ အကျင့်လေးလည်း ရသွားတတ်တယ် ဆိုတာပါဘဲ။

ဒါကြောင့် ဒီအမှတ်အသားဟာ တစ်ကယ်ဘဲ ကောင်းတဲ့ ဘအမှတ်အသားတစ်ခုဖြစ်ပြီး ဘဝတစ်ခုလုံးကို မျက်လှဲပြသလို ပြောင်းလဲသွားမယ် ဆိုတာကို ပြတဲ့ အမှတ်အသားကောင်းတစ်ခုဆိုတာကို ဖော်ပြလိုက်ရပါတယ်။

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။