“သစ္စာဖောက်တာကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး” ဆိုတဲ့ ဝိုင်းစုခိုင်သိန်း(ရုပ်/သံ)

Celebrity Local News
“သစ္စာဖောက်တာကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး” ဆိုတဲ့ ဝိုင်းစုခိုင်သိန်း(ရုပ်/သံ)

အဆိုတော်ဝိုင်းစုခိုင်သိန်း ကတော့ လူငယ်လူလတ်ပိုင်းတွေသာမက လူကြီးတွေအထိ သူမရဲ့သီချင်းတွေက အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်ကောင်းတယောက်ဖြစ်ပါတယ်။ ချိုသာတဲ့ အသံနဲ့ သီချင်းအေးအေးလေးတွေကို သီဆိုတတ်ပြီး ချစ်စရာအလှတရားလေးတွေပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက တခဲနက်အားပေးကြတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ လမ်းခွဲပြတ်စဲထားတဲ့ အဆိုတော်အောင်လရဲ့သီချင်းဗီဒီယိုနဲ့ပက်သက်ပြီး အခုလိုပဲဖြေကြားသွားတာဖြစ်ပါတယ်။သူမက-“အဲဒီသီချင်းထဲကလို တစ်ချိန်လုံးရန်ရှာနေတာမျိုး၊ နှိ-ပ်စက်နေတာမျိုး တွေကတော့ ပြောင်းပြန်ဖြစ်ကုန်တာထင်ပါတယ်။ ထိခိုက်အောင်မလုပ်ဖို့ အမြဲသတိပေးတယ်၊ ဝိုင်းစုကကံဆိုးနေတာမျိုးလားတော့မသိဘူး။ အိမ်ထောင်ပျက်ဘယ်သူမှ မဖြစ်ချင်ဘူး၊ကြောက်စိတ်တွေနဲ့အသက်ရှင်နေမယ့် အစား ရဲရဲကြီးဖြတ်လိုက်တယ်၊ ငါ အိမ်ထောင်ကွဲဖြစ်သွားရင် လူတွေက ဝိုင်းပြောမှာလား .. နိုး မကြောက်ဘူး၊ တစ်သက်လုံးတော့ အဲဒီလိုကြောင့် ဝဋ်ကြွေးတောင်မခံနိုင်တော့ဘူး ။ ကိုယ့်တစ်ယောက် တည်းထိရင်ခံဦးမယ်.. ကိုယ့်မိသားစုကိုထိလာရင်တော့ ခဏခဏဆိုမရတော့ဘူးလေ..”

ထပ်မံပြီး သစ္စဖောက်ခံရတဲ့အဖြစ်နဲ့ပက်သက်ပြီး ထုတ်ပြောပြသွားပါသေးတယ်။
“မိုးလင်းတာနဲ့သောက်တယ်။မူးတယ်။တစ်ခါ
တစ်လေ တုတ်နဲ့ လိုက် yite တာတွေရှိတာ တောင် သူမူးနေတာပဲဆိုပြီး သည်းခံနိုင်တယ် နားလည်ပေးနိုင်တယ်။နားလည်မပေးနိုင်တာ တစ်ခုက သစ္စာဖောက်တာပဲ။
ဘေးနားမှာငုတ်တုတ်ကြီးရှိနေရဲ့နဲ့ သစ္စာဖောက်တာတော့ လက်မခံနိုင်ဘူး။ သူမ ရှာနိုင်ရင်တောင်ရှာကျွေးမယ်။
ဖောက်ပြန်တာနဲ့ပတ်သက်ပြီးထုတ်ပြောလိုက်
ရင် တစ်ဖက်လူရဲ့ ယောကျာ်းနဲ့ကလေးကို ထိခိုက်မှာစိုးလို့မပြောဘူး” ဆိုပြီး ဝိုင်းစုခိုင်သိန်း ကအခုလိုပဲပြောပြလာတာဖြစ်ပါတယ်။

https://fb.watch/pEy6sALy30/

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။