ဘိုကလေး တစ်မြို့လုံးမှာ ​ရွာသားတစ်ယောက်ပဲ လူသစ်ရခဲ့တဲ့ စကစရေတပ်

Local News

ဘိုကလေး တစ်မြို့လုံးမှာ ရွာသားတစ်ယောက်ပဲ လူသစ်ရခဲ့တဲ့ စကစရေတပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘိုကလေး တစ်မြို့လုံးမှာ ရွာသားတစ်ယောက်ပဲ လူသစ်ရခဲ့တဲ့ စကစရေတပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်အတွင်းတွင် ဧပြီလ ဆန်းမှစ၍ စစ်ကောင်စီရေတပ်က သင်္ဘောဖြင့်ပတ်၍ တပ်သားသစ်လိုက်လံစုဆောင်းနေကြောင်း ဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်ကို အသစ်ဝင်ရောက်မည့်သူ မရှိသည့်အတွက် စစ်သင်္ဘောနှင့် ရွာတွေကိုကပ်ပြီး တပ်သားသစ်တဦးလျှင် ဆယ်သိန်းပေးမည်ဟု ပြောဆိုပြီး လိုက်လံစည်းရုံးနေကြောင်း သိရသည်။

စစ်သားသစ်စုဆောင်းရေးလုပ်နေသည့် စစ်သင်္ဘောက ယမန်နေ့ ဧပြီ ၂ ရက်နေ့က ရောက်လာခဲ့ပြီး ဘိုကလေး မြင်းကကုန်းကျေးရွာတွင် လူတချို့ကို အစည်းအဝေးခေါ်ပြီး ရေတပ်အတွင်းသို့ဝင်ရောက်ပါက ငွေဆယ်သိန်းပေးမည်ဟုပြောဆို စည်းရုံးခဲ့ရာ မြင်းကကုန်းရွာမှ ပညာအရည်အချင်းမူလတန်း ကုန်တင်ကုန်ချအလုပ်သမား အောင်ကိုထိုက်ဆိုသူ လိုက်ပါသွားခဲ့ကြောင်း သိရသည်။


“သူတို့ကမ်းနား အလုပ်သမားအဖွဲ့ကိုပဲ ရွေးပြီး အစည်း ဝေးခေါ် စည်းရုံးတာ။ ဒီမှာကစီးပွားရေးအဆင်မပြေမှုတွေအများကြီး ရှိနေတော့လဲ လတ်တလောထွက်ပေါက်ဆိုပြီးလိုက်သွားတာနေမှာ။ အဲ့ဒီလူက ကမ်းနားကကုန်တင်ကုန်ချ၊ ပညာအရည်အချင်းကလည်းမူလတန်းလောက်ဘဲရှိတယ်။ ရေတပ်ရဲ့ဘယ်နေရာမှာသုံးမှာလဲတော့မသိဘူး။ အသက်ကတော့ ၃၀ ကျော်နေပါပြီ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒေသခံတဦးက ဧရာ ဝတီတိုင်းမ်ကိုပြောသည်။


စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ် စုဆောင်းခံရသူအား ငွေကျပ် တသိန်းခွဲနှင့်ဖုန်းအဟောင်း တလုံးပေးအပ်ခဲ့ပြီး ကျန်ငွေများကို၄င်း၏မိသားစုဝင်များထံလွှဲပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
”လောလောဆယ် ငွေတသိန်းခွဲနဲ့ ဖုန်းအဟောင်း တလုံးတော့ရတယ်။ ဖုန်းကလည်း အဟောင်း ရေတပ်အရာရှိကသူကိုင်နေတဲ့ဖုန်းကို Simcardထုတ်ပြီးပေး သွားတာ။ဖုန်းနဲ့ပိုက်​ဆံ လိုချင်စောနဲ့လိုက်သွားတာနေမှာ။ ကျန်တဲ့ပိုက် ဆံကို သူ့အမေကိုငွေလွှဲပေးမယ် ဆိုပြီး အုပ်ချုပ်ရေးမှူးနဲ့ ရေတပ်သင်္ဘောအရာရှိကပြောသွားတယ်”ဟု သူက ဆက် လက်ပြောသည်။


ငွေတသိန်းခွဲနှင့် ဖုန်းရရှိ၍ စစ်သားသစ်အဖြစ်လိုက် ပါ သွားခဲ့သူ အောင်ကိုထိုက်က ဒေသအရံမီးသတ်တပ်ဖွဲ့တွင်လည်းဝင်ရောက်လုပ်ခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကိုဝင်ရောက်မည့်သူ မရှိသလောက်ဖြစ်နေပြီး ရဲဘော်သစ် စုဆောင်းရခက်ခဲနေသောကြောင့် စစ်ကောင်စီတပ် ဖွဲ့ဝင်များအနေဖြင့် တပ်သားသစ်ကို ငွေသိန်းဆယ်နှင့်ချီသုံး၍ စုဆောင်းနေရပြီး ယခုလက်ရှိတပ်သား သစ်တဦးလျှင် စုဆောင်းရေးပေါက်စျေး သိန်း ၂၀ နှင့် ၃၀ ကြားပေး၍ခေါ်ယူနေရကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။


ထို့ပြင် စစ်ကောင်စီတပ်အနေဖြင့် အသက်နှင့်ပညာ အ ရည်အချင်းကန့်သတ်ချက်များကိုလည်း လျှော့ချထားကာ ရေတပ်နှင့်လေတပ်ကို ၆တန်းအောင်မှ စတင် စု ဆောင်းရမည်ဖြစ်ပြီး တိုက်ခိုက်ရေးကြည်းတပ်များကိုသာ မူလတန်းမှစတင်စုဆောင်းခွင့်ပြုထားကြောင်း သိရသည်။

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။