၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်များ အနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေး ရပါမယ်။ ရာသီအလိုက် ဖြစ်ပေါ်တတ်သော ဝေဒနာများ ဝင်ရောက် လာနိုင်ပါတယ်။ အိမ်တွင်း ကုသမှုထက် ဆရာဝန်၏ လမ်းညွှန်ချက် အတိုင်း ကုသပေးပါ။

ငွေကြေးအားဖြင့် ဝင်ငွေထက် အထွက်ငွေ ကြမ်းတမ်းနေတတ်သည့် အချိန်ကာလ ဖြစ်ပါတယ်။ ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်အပြင် မိသားစုဝင်များ၏ လိုအပ်ချက်များကို ဦးစားပေး လုပ်ဆောင်ပါ။ မိသားစုဝင်ထဲမှ ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင်နေရပါက သက်သာလာနိုင်ခြေ ရှိနေပါတယ်။

ပြိဿရာသီခွင် – Taurus ( January 22 to January 28 )===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ဖိစီးမှုများနှင့် ကြုံတွေရနိုင်ပါတယ်။ အထူးသဖြင့် အလုပ် ဝန်အားတို့ကြောင့် စိတ်ပင်ပန်း၊ လူပက်ပန်း ဖြစ်နေရတတ်ပါတယ်။ မိမိကိုယ် မိမိ ယုံကြည်မှု ပြန်လည် တည်ဆောက်ပေးပါ။

ငွေကြေးအားဖြင့် ကံတရားသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါတယ်။ လုပ်ငန်းဆောင်တာများ အောင်မြင်ကာ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ရင်းနှီးမြုပ်နှံမှု အသစ် ပြုလုပ်လိုပါက အသေချာ စစ်ဆေးပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲများ ရှိနေပါမယ်။ ကောင်းမွန်သော ဆက်ဆံရေးတို့ဖြင့် နွေးထွေးမှုများ ရှိနေပါမယ်။ အခက်အခဲနှင့် ကြုံတွေ့လာပါက မိသားစုဝင်များအား ဖွင့်ဟ ပြောဆိုပေးပါ။

မေထုန်ရာသီခွင် – Gemini ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးအရ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ စိတ်ပိုင်းဆိုင်ရာကို မြှင်တင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေကြေး ကိစ္စနှင့် ပက်သက်၍ ရင်းနှီးမြုပ်နှံလိုပါက ယခုအပတ်တွင် ပိုမိုကောင်းမွန်နေပါမယ်။ ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ဒါ့အပြင် အိမ်ငှားခ စသည်တို့ဖြင့် အပိုဝင်ငွေများ ရရှိတတ်ပါတယ်။သို့သော် အိမ်မှုရေးရာ ကိစ္စရပ်အတွက် ငွေကြေး သုံးစွဲမှုများလည်း ရှိနေနိုင်ပါမယ်။

မိသားစုဝင်များ အကြား ကောင်းမွန်သော ဆက်ဆံရေးနှင့် အတူ လေးစားမှုများ ရှိနေပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် မိမိတို့၏ လုပ်ငန်းတာဝန်အပြင် ကျန်းမာရေးအတွက်ပါ အချိန်ပေးပါ။ အထူးသဖြင့် အစားအစာများကို အချိန်မှန် စားသုံးပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် အနည်းငယ် အားနည်းနေတတ်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ဆောင်ကြသူများ အနေနှင့်လည်း ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ဂရုစိုက်ပေးပါ။ ပေါ့ဆမှုကြောင့် ငွေကြေး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ အကြောင်းအမျိုးအမျိုးကြောင့် ပြဿနာ အချို့ ရှိခဲ့ပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ ညီအကို၊ မောင်နှမများထံမှ ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

သိဟ်ရာသီခွင် – Leo ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ခံစားနေရသော ဝေဒနာများမှ လွတ်မြောက်နိုင်ပါမယ်။ ယောဂ လေ့ကျင့်ခန်းများနှင့် အတူ အစိမ်းရောင် အသီးအရွက်များကို တတ်နိုင်သမျှ စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများ ပေါ်ပေါက်လာပါမယ်။ သို့သော် ယာဉ်မောင်းကြသူများ အနေနှင့် ယာဉ်မောင်းစဉ် ဂရုစိုက်ပေးရန် လိုအပ်ပါမယ်။ မတော်တဆမှုကြောင့် ငွေကြေး သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း မိသားစုဝင်များနှင့် အတူ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရတတ်ပါတယ်။ အပြုသဘောဆောင်သော ရလာဒ်များနှင့် အတူ အထင်ကြီး လေးစားခြင်း ခံရနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( January 22 to January 28 )
===============================================

ယခုအပတ်တွင် အသက်အရွယ်ကြီးသော Virgo ရာသီခွင်များ အနေနှင့် ကျန်းမာရေးကို ပိုမို ဂရုစိုက်ပေးရပါမယ်။ အဆစ်နာခြင်း၊ ခါးနာခြင်းစသည့် ဝေဒနာများ ခံစားရနိုင်ပါတယ်။ အကယ်၍ အစုစပ်လုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်‌နေပါက ယခုသီတင်းပတ်အတွင်း မိမိ၏ လုပ်ငန်းလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် လိုအပ်ပါမယ်။

ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပြီး ကြိုးစားမှုနှင့်အတူ လုပ်ငန်းခွင်အတွင်း တိုးတက်မှုများ ရှိနေပါမယ်။

မိသားစုဝင်များ အကြား ချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန် သံယောဇဉ်တွေ တိုးလာပါမယ်။ သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။

တူရာသီခွင် – Libra ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အနေအထားတွင် ရှိနေပါမယ်။ အပြုသဘောဆောင်တဲ့ အပြောင်းအလဲများ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ်ပါမယ်။ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေး အရ ဝင်ငွေ ပုံမှန်တိုးလာခြင်းကြောင့် ဘဏ္ဍာရေး အခြေအနေ အားကောင်းနေပါမယ်။ သို့သော် မလိုအပ်သော အသုံးစရိတ်များသည်လည်း ထွက်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ဝင်ငွေနှင့် အသုံးစရိတ်များကြား မျှတအောင် ထိန်းသိမ်းထားပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် စိတ်ပိုင်းဆိုင်ရာ အတက်အကျ ဖြစ်ပေါ်နေသော အချိန်ကာလ ဖြစ်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မိမိ၏ စိတ်ကို တည်ငြိမ်အောင် ကြိုးစားပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေး အရ အဆင်ပြေ ချောမွေ့နေပါမယ်။ ငွေကြေး တိုးတက်မှုအပြင် လိုအပ်သော အရာများ အတွက်ပါ သုံးစွဲနိုင်ပါမယ်။ သို့သော် မတော်တဆမှု အတွက် လျော်ကြေးငွေ ပေးဆောင်ရဖွယ် ရှိနေသောကြောင့် ယာဉ်မောင်းနှင်ရာတွင် သတိထားပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစုပတ်ဝန်းကျင်တွင် အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ မိသားစုဝင်များ အကြား နွေးထွေးမှု ရရှိအောင် ပြုလုပ်ပေးပါ။ အချစ်ရေးမှာ‌တော့ ချစ်သူနှစ်ဦးကြား သဟဇာတ ရှိနေပါမယ်။ သို့သော် အိမ်ထောင်သည်များ အနေနှင့် အပြောအဆို သတိထားပေးရပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်အား ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတိတ်ကာလမှ ပြုလုပ်သော အကျိုးရလာဒ်ကို ခံစားရတတ်ပါတယ်။ သို့သော် အလောင်းကစား ကဲ့သို့သော မှားယွင်းသော လုပ်ဆောင်မှုများကို ရှောင်ကြဉ်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ ကောင်းမွန်သော ဆက်ဆံရေးတို့ဖြင့် ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

မကာရရာသီခွင် – Capricorn ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် မိမိ၏ ကျန်းမာရေးအတွက် ဦးစားပေး ဆောင်ရွက်ရပါမယ်။ အထူးသဖြင့် နားချိန် အလုံအလောက် ထားရှိပေးပါ။ တတ်နိုင်ပါက လမ်းလျှောက်ခြင်း စသော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။

ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ လုပ်ငန်းခွင် အကျိုးခံစားခွင့်များနှင့် အတူ ငွေကြေး စုဆောင်းနိုင်ပါမယ်။ သို့သော် ငွေကြေး သုံးစွဲမှုကို ချင့်ချိန်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း မိမိ ပတ်ဝန်းကျင်ရှိ လူများ၊ မိသားစုဝင် အချို့၏ အပြုအမူကြောင့် အနည်းငယ် စိတ်မကောင်း ဖြစ်နေနိုင်ပါမယ်။ စိတ်အလိုမကျကာ စိတ်အားငယ်နေတတ်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အစာခြေခြင်းဆိုင်ရာ ပြဿနာများ အနည်းငယ်ရှိပေမယ့်လို့ ရောဂါ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်‌ပေ။

ငွေကြေးကိစ္စနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို ကြုံတွေ့ရတတ်ပါတယ်။ မိမိရည်မှန်းထားသည့် အတိုင်း အဆင်ပြေခြင်း၊ အောင်မြင်ခြင်းများ ရှိနေပါမယ်။ သို့သော် အစောပိုင်းတွင် အထွက်ငွေ ကြမ်းနေတတ်၍ သတိထားပေးပါ။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျများ ရှိနေတတ်ပါတယ်။ တချိန်တည်းမှာပင် မိသားစုဝင်များထံမှ ကူညီထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်လိုပါက မိမိ၏ သဘောထားနှင့် အခြားသူများ နားလည်သဘောပေါက်အောင် ကြိုးစားပေးပါ။

မိန်ရာသီခွင် – Pisces ( January 22 to January 28 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိလာပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ယခင်ထက် ပိုမိုတိုးတက်လာပါမယ်။

ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် ဤကာလအတွင်း သတိထားပေး ရပါလိမ့်မယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချမှတ်ခြင်းကို ရှောင်ကြဉ်ပါ။ ရန်အနှောင့်အယှက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။