ငယ်ရွယ်နုပျိုချင်ရင် ဒီအစားအစာတွေ စားသုံးပေးပါ

Health Knowledge
ငယ်ရွယ်နုပျိုချင်ရင် ဒီအစားအစာတွေ စားသုံးပေးပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငယ်ရွယ်နုပျိုချင်ရင် ဒီအစားအစာတွေ စားသုံးပေးပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငယ်ရွယ်နုပျိုချင်ရင် ဒီအစားအစာတွေ စားသုံးပေးပါ

ဘယ်သူမဆို အသားရေနူးညံ့စိုပြေတာကို လိုချင်ကြပါတယ်။ ငယ်ရွယ်နုပျိုအောင် အသားရေထိန်းသိမ်းဖို့အတွက် ပိုက်ဆံအကုန်အကျခံပြီး အသားရေထိန်းသိမ်းတဲ့ထုတ်ကုန်တွေကို မိန်းကလေးတော်တော်များများက ဝယ်ယူဖြစ်ကြပါတယ်။

အဲဒီလို ထုတ်ကုန်တွေကလည်း အသားရေအိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပြီး ငယ်ရွယ်နုပျိုလာအောင် တကယ်စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ တတ်အပ်ပြေလို့မရပါဘူး။ အသားရေကောင်းလာဖို့အတွက် အာနိသင်များတဲ့အစားအစာတွေကို စားပေးလို့လည်းရပါတယ်။

သင့်ကို နဂိုအသက်အရွယ်ထက် ပိုငယ်သလိုခံစားရစေမယ့် အစားအစားတွေရှိပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုဖို့အတွက် အမြော်အမြင်ရှိရှိနဲ့ အစားအစာကို ရွေးချယ်စားသင့်ပါတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးပြီး ငယ်ရွယ်နုပျိုစေမယ့် အစားအစာတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

သံလွင်ဆီ

သံလွင်ဆီက အသားရေကျစ်လျစ်၊ တင်းရင်းစေတဲ့နေရာမှာ အဓိကဏ္ဍမှာပါဝင်တဲ့ monounsaturate ဆိုတဲ့ ပြည့်ဝဆီ၊ ပေါ်လီဖီနောဓာတ်၊ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းလက္ခဏာရပ်တွေကို ကာကွယ်ပေးတဲ့ ဗီတာမင်အီလည်း ကြွယ်ဝပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်က အကောင်းဆုံးပရိုတင်းဓာတ်တွေက တစ်ခုဖြစ်ပါတယ်။ ကယ်လိုရီပမာဏနည်းပြီး အစာခြေစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ကောင်းတဲ့ဘတ်တီးရီးယားပိုးတွေများစွာရှိပါတယ်။ ဖော့စဖောရတ်၊ ရီဘိုဖလာဗင်၊ ဗီတာမင် B12၊ ကယ်စီယံဓာတ်တွေလည်း ကြွယ်ဝပါတယ်။ အရသာကောင်းတဲ့အပြင် မျက်ပေါ်က အရေးအကြောင်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဒီအတိုင်းစားလို့ရသလို ချက်စရာလို့လည်းရပါတယ်။ တချို့ကတော့ ခရမ်းချဉ်သီးကို အသုတ်တွေထဲ ထည့်စားကြပါတယ်။ ခရမ်းချဉ်သီးက လိုင်ကိုပင်ဓာတ်ကြွယ်ဝတဲ့အတွက် ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးခြင်းဖြင့် ပါးရေတွန့်ခြင်းနဲ့၊ အရေးအကြောင်းဖြစ်ခြင်းတို့ကို လျော့ချပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီကလည်း အန်တီအောက်စီဒန့်ဓာတ်၊ သတ္တုဓာတ်၊ ကာရိုတင်းဓာတ်တွေ ပါဝင်တဲ့အပြင် အသားရေနူးညံ့စိုပြေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ မုန်လာဥနီမှာ ပါဝင်တဲ့ ကာရိုတင်းဓာတ်က ငယ်ရွယ်နုပျိုမှုကိုတိုးလာစေတဲံ့ဓာတ်အဖြစ် လူသိများပါတယ်။ ဒါကြောင့် အသားရေတင်းရင်းချင်ရင် နေ့တိုင်း မုန်လာဥနီစားပေးသင့်ပါတယ်။

ဆီးဖြူသီး

ဆီးဖြူသီးကလည်း ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။ ငယ်ရွက်နုပျိုပြီး တင်းရင်းတဲ့အသားရေကို ပေးစွမ်းနိုင်ပါတယ်။ ဆီးဖြူသီးက အသားရေကြည်လင်ခြင်းနဲ့ ကျန်းမာရေးကောင်းတဲ့ကိုယ်ခံအားစနစ်အတွက် လျှို့ဝှက်ချက်ပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။