မြင်နေကျဖက်ရှင်စတိုင်မျိုးတွေထဲကနေ ခွဲထွက်ထားတဲ့ ဖက်ရှင် အမိုက်စားနဲ့မိုးဟေကို

Celebrity Local News
မြင်နေကျဖက်ရှင်စတိုင်မျိုးတွေထဲကနေ ခွဲထွက်ထားတဲ့ ဖက်ရှင် အမိုက်စားနဲ့မိုးဟေကို

သရုပ်ဆောင်မိုးဟေကိုကတော့ လှပကြော့ရှင်းတဲ့အလှတရားနဲ့ ပရိသတ်တွေအားပေးမှုများစွာကိုရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။သရုပ်ဆောင်တယောက်ဖြစ်ရုံသာမက ပရိုဂျူဆာ ဒါရိုက်တာအဖြစ် ကိုယ်ပိုင်စီးပွားရေးကိုလည်းလုပ်ကို်ငနေတာဖြစ်ပါတယ်။သူမက မြန်မာနိုင်ငံရဲ့ တတိယကြေးအမြင့်ဆုံး ထိပ်တန်းမင်းသမီးတယောက်ဖြစ်ပါတယ်။

မိုးဟေကိုက ဇာတ်ကားရိုက်ကူးမှုတွေကနေ အတော်ကြာရပ်နားနေခဲ့ပြီး မိဘကိုပဲပြုစုနေခဲ့ရာမကြာသေးခင်ကမှ ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာခဲ့ပြီး သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ခဲ့တာဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ ပုံမှန်သူမရိုက်နေကျ ပုံလေးတွေနဲ့မတူပဲတမူထူးခြားတဲ့ ပုံစံနဲ့ဓာတ်ပုံလေးတွေကိုဝေမျှပေးလာတာပဲဖြစ်ပါတယ်။

မိုးဟေကိုက”Significant, eccentric, daring ဒီတစ်ခေါက်တော့ မိုးက ပရိသတ်ကြီး မိုးကို မြင်နေကြနဲ့ ခွဲထွက်ပြီးမတူတဲ့ပုံစံလေးဖြစ်အောင် ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေ ဝေမျှပေးလာတာဖြစ်ပါတယ်။ မိုးကိုချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ရေးသားသူ –Cele Cele

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။