ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ အီရန်သင်္ဘောကို အိန္ဒိယရေတပ် ကယ်ဆယ်ခဲ့

International News
ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ အီရန်သင်္ဘောကို အိန္ဒိယရေတပ် ကယ်ဆယ်ခဲ့

ပင်လယ်ဓားပြ၊ ဆိုမားလီးယား ကမ်းရိုးတန်း၊ အီရန်သင်္ဘောဓာတ်ပုံ

အခုလ အစောပိုင်းတုန်းကလည်း အီရန်ငါးဖမ်းသင်္ဘောတစ်စင်းကို ပင်လယ်ဓားပြတွေလက်ကနေ အမေရိကန်ရေတပ် ကယ်ခဲ့

အေဒင် ပင်လယ်ကွေ့နားက ဆိုမားလီးယားအရှေ့ပိုင်း ကမ်းရိုးတန်းနားမှာ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲ ဖမ်းဆီးထားတဲ့ အီရန် ငါးဖမ်းသင်္ဘောတစ်စင်း ပြန်လွတ်လာအောင် အိန္ဒိယရေတပ်က ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

အီရန် အလံ လွှင့်ထူထားတဲ့ အိုင်မန် သင်္ဘောပေါ်ကို ပင်လယ်ဓားပြတွေ တက်လာပြီး သင်္ဘောသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ အိန္ဒိယ ရေတပ် ပြောခွင့်ရသူက ပြောပါတယ်။

သင်္ဘောပေါ်ပါသူ ၁၇ ဦး ပြန်လွတ်လာအောင်နဲ့ သင်္ဘော ပြန်ရအောင် အိန္ဒိယ ရေတပ်သင်္ဘောက ကြားဝင် တိုက်ခိုက်ပေးခဲ့ပြီး အခုအခါ အဲဒီ အီရန်သင်္ဘော ခရီးဆက်လက် ထွက်ခွာသွားပြီလို့ သူက ပြောပါတယ်။

ဒေသတွင်း ကုန်တင်သင်္ဘောတွေကို ပင်လယ်ဓားပြတွေက ဆက်တိုက်တိုက်ခိုက်နေရာမှာ ဒီဖြစ်ရပ်ဟာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။