မိမိဘဝအေးချမ်းဖို့ ရေပြည့်အိုးလေး လှူ‌ကြစို့

Astrology
မိမိဘဝအေးချမ်းဖို့ ရေပြည့်အိုးလေး လှူ‌ကြစို့

တစ်လတာ တစ်လတာတိုင်းမှာမှ (၅)ရက်တာမျှသာနေ့ကောင်းနေ့မြတ် ၊ ရက်ကောင်းရက်သာ များကိုသေချာတွက်ချက်စစ်‌ဆေးရွေးချယ်ထား၍ အောက်ပါ နေ့ရက်ကောင်းများ၌ မိမိအိမ်မြတ်စွာဘုရားရှင်အား #ရေပြည့်အိုး လေးတစ်အိုးသာ ကပ်လှူပေးနေရပါမည်။

4•2•2024
10•2•2024
15•2•2024
18•2•2024
25•2•2024

ရေပြည့်အိုးကပ်လှူရမည့်နည်းလမ်း

အထက်တွင်ဖော်ပြထားသော နေ့ရက်များ၌သာအောင်အိုး၊ရွှေအိုး၊ငွေအိုး၊မြေအိုး အဆင်ပြေရာအိုးတစ်လုံးအထဲတွင် #ရေသန့်အပြည့် ထည့်၍ နံနက်နေထွက်အချိန်မှ စ၍ နေ့လည် ၁၂နာရီအတွင်းမှာမိမိအိမ်ဘုရားရှင်အားကပ်လှူ၍ လိုရာဆုတောင်းပါ။

လူဒါန်းပြီး၍ ပြန်လည်ချီးမြှင့်ထားသော ရေပြည့်အိုးထဲမှာ ရေသန့်အနည်းငယ်ကို ယူထားပြီး မိမိ နေအိမ်၊ဆိုင်ခန်း၊အလုပ်ခန်းများတွင် သပြေညွန့်လေးနှင့် ပတ်ဖြန်းပေးရင်း မိမိလိုရာ ဆန္ဒပြုလေ….။
ကျန်ရှိ‌နေမည့် ရေ‌သန့်များကို နီးစပ်ရာ သစ်ပင်
တစ်ပင်၏ ခြေရင်း၌ သွားရောက် စွန့်ပစ်လိုက်ပါ။

ရေပြည့်အိုးလှူရခြင်းကို ယုံကြည်မှုအပြည့်နှင့် သတိတရ လှူဒါန်း ပေးနေစေချင်ပါတယ်ဗျာ။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။