နောက်ထပ် (၅)မွှာပူးမြောက်ကလေးအဖြစ် အမွှာပူးလေး၂ ယောက်ကို မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

Celebrity Local News
နောက်ထပ် (၅)မွှာပူးမြောက်ကလေးအဖြစ် အမွှာပူးလေး၂ ယောက်ကို မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချော “ခိုင်နှင်းဝေ” ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခု တိုင်အောင်မြင်မှုတွေရရှိခဲ့တဲ့ သရုပ်ဆောင်တစ်လက်ပဲဖြစ်ပါတယ်.. ပရဟိတ လုပ်ငန်းတွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေပေမယ့် အနုပညာအလုပ်တွေမှာလည်း လစ်ဟင်းမှုမရှိအောင် မျှမျှတတကြိုးစားနေတာပဲဖြစ်ပါတယ်..

အခုတစ်ခါမှာတော့ ဘဝမှာပထမဆုံးအသက်(၅)သက်ကိုကယ်တင်ခဲ့တဲ့အကြောင်း ကို ပြောပြလာပါတယ်… “စည်းမျဉ်းစည်းကမ်းနဲ့ ဆိုရင်တော့ အဖ အမေရှိရင် လုံးဝမခေါ်ပါဘူး … ဒါပေမယ့်ကလေးတွေကလည်း ကျန်းမာရေးမကောင်းဘူး အဖေကလည်း(၅၀)ကျော်(၆၀)ဆိုတော့လေ.. ဒါကြောင့်သူ့တိုအမေကလည်း ထွက်ပြေးသွားတာနေမှာပေါ့.. ကလေးတွေကလည်း အမြွာပူးလေးတွေဖြစ်နေတာ ကတစ်ကြောင်း ပေါင်မပြည့်ပဲမွေးတာက တကြောင်းမလို့ ကလေးတွေရဲ့ အသက် တစ်ချောင်းကို ကယ်တယ်လို့ပဲ ဆုံးဖြတ်လိုက်တာပါ.. ကျန်တဲ့စည်းမျဉ်းစည်းကမ်း တွေကို မကြည့်တော့ဘူး”လို့ ပြောလာပါတယ်…

ကလေးတွေရဲ့ ဖခင်ဖြစ်သူကိုမိုးခိုင်ကလည်း “မိန်းမက ကလေး(၂)ယောက်နဲ့ ကျ နော့် ကိုထားခဲ့ပြီး သူ့အမေနဲ့ အတူထွက်ပြေးတိမ်းရှောင်သွားပါတယ်. အတိုးနဲ့ ပိုက်ဆံချေးပြီးကလေးတွေကို ဆေးကုပေးခဲ့ပါတယ်… ပိုက်ဆံလည်းမရှိ မိန်းမက ကလေးစွန့်ပစ် လက်လုပ်လက်စားဘဝမို့ ကလေး(၂)ယောက်ကို အစ်မ “ခိုင်နှင်းဝေ” ‘ဆီပေးဖို့ ဆုံးဖြတ်လိုက်တာပါ .. အမကိုလည်းယုံကြည်စိတ်ချတာမို့လို့ပါ “လို့ ပြောပြလာပါတယ်…။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။