တရုတ်နှစ်သစ်ကူးအတွက် ကံကောင်းစေသောအစားအစာ ၁၀မျိုး

Astrology Knowledge
တရုတ်နှစ်သစ်ကူးအတွက် ကံကောင်းစေသောအစားအစာ ၁၀မျိုး

ဤကံကောင်းစေသော တရုတ်နှစ်ကူးအစားအစာများသည် ကံကောင်းခြင်းကိုယူဆောင်ပေးသည်ဟု ယုံကြည်ကြသည်။

၁. ဖက်ထုပ်

ရှေးဒဏ္ဍာရီတွေအရ တရုတ်နှစ်ကူးရက်မှာ သင်စားလိုက်တဲ့ ဖက်ထုပ်အရေအတွက်ဟာ လာမည့်နှစ်မှာ သင်ဆီဝင်လာမည့် ငွေကြေးအရေအတွက်ကို ဖော်ပြတာပဲ (များများစားလေပိုကောင်းလေပါ)

၂. ခေါက်ဆွဲ

ခေါက်ဆွဲတွေဟာ ပျမ်းမျှအားဖြင့် ၂ပေကျော်လောက်အထိအရှည်ရှိကြသည်။ နှစ်ကူးတို့ မွေးနေ့တို့မှာ ခေါက်ဆွဲတို့ကို စားသုံးကြသည်။ အသက်ရှည်ခြင်းကိုကိုယ်စားပြုသည်။ ခေါက်ဆွဲသည် ရှည်လေကောင်းလေပါ။ ချက်ပြုတ်သည့်အခါ မတော်တဆမချိုးမိစေရန် ဂရုစိုက်ပါ။

၃. ရှစ်ခန်းပါသည့် တေလျောင်မုန့်ဘူး

ဤတေလျောင်မုန့်ဘူးများသည် ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်းနှင့် မိသားစုသဟဇာတဖြစ်ခြင်းကိုကိုယ်စားပြုသည်။

၄. ကော်ပြန့်ကြော်

ရွှေတုံးနဲ့ဆင်တူသော ရွှေဝါရောင်ကော်ပြန့်ကြော်များသည် စည်းစိမ်းဥစ္စာနှင့် ကံကောင်းခြင်းများကို ယူဆောင်လာပေးသည့်အစားအစာ တစ်ခုအဖြစ် နှစ်သစ်ကူးတွင်စားသုံးကြသည်။ ဝက်သား၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်နှင့် တစ်ခြားအသီးအရွက်မျိုးစုံထည့်၍ ကြော်စားကြပါသည်။

၅. လိမ္မော်သီးနှင့်ကျွဲကောသီး

လိမ္မော်သီးနှင့် ကျွဲကောသီးကို ကံကောင်းခြင်းနှင့် ပျော်ရွှင်ခြင်းကို ယူဆောင်လာပေးသည်ဟု ယူဆသောကြောင့် နှစ်သစ်ကူးလက်ဆောင်ပေးရာတွင် အသုံးပြုကြသည်။ လိမ္မော်ရောင် နှင့် လိမ္မော်သီးသည် တရုတ်စာစကားလုံးတွင် ကံနှင့်စည်းစိမ် စားလုံးနှင့် အနီးကပ်ဆုံးအဆင်တူသောကြောင့် ကံကောင်းခြင်းအသီးအနှံတစ်ခုအဖြစ်အသုံးပြုကြသည်။ အသီးအနှံများ၏ ရွှေရောင်သည် ချမ်းသာခြင်းကို ကိုယ်စားပြုသည်။

၆. မုန့်လုံးရေပေါ်

အဝိုင်းပုံရှိသော ကောက်ညှင်းမုန့်လုံးရေပေါ်သည် မိသားစုစည်းလုံးခြင်းကိုကိုယ်စားပြုသည်။

၇. ငါး

ငါးသည် တရုတ်အသံထွက်တွင် ပေါများသည်ဆိုသောအသံထွက်နှင့်ဆင်တူသည်။ လာမည့်နှစ်တွင် အောင်မြင်မှုများရရှိစေရန် ငါးပေါင်းကို နှစ်သစ်ကူးအစားအစာအဖြစ်စားသုံးကြသည်။

၈.တီကေ့

တရုတ်နှစ်သစ်ကူး၏ ပုံရိပ်တစ်ခုလိုဖြစ်သော တီကေ့သည်လည်း အလွန်ကံကောင်းစေသောအစားအစာဖြစ်သည်။ ပိုမိုကောင်းမွန်သောကျန်းမာရေး၊ ကြွယ်ဝမှု နှင့် ပျော်ရွှင်မှုတို့ကို ယူဆောင်လာစေရန် နှစ်တစ်နှစ်၏ ပထမဆုံးနေ့တွင် တီကေ့ကိုစားသုံးပါ။

၉. ရတနာ၈မျိုးသောမုန့်

ဤရိုးရာမုန့်ကို ကောက်ညှင်းဖြင့်ပြုလုပ်ထားပြီး အစေ့များ အခွံမာသီးများ စပျစ်သီးများ စသည့် ရှစ်မျိုးဖြင့်ပြုလုပ်ထားသော အချိုပွဲဖြစ်သည်။ ရှစ်သည် တရုတ်တွင် ကံကောင်းစေသောကိန်းဂဏန်းဖြစ်ပြီး နှစ်သစ်ကူးတွင် ထိုအချိုပွဲကိုစားသောက်ခြင်းဖြင့် ရှေ့နှစ်အတွက် ချိုမြိန်မှုများကို ရစေမှာပါ။

၁၀. ဟွာ့ကေ့

ထိုဆန်ပေါင်းမုန့်ကို ချမ်းသာကြွယ်ဝစေသောမုန့်ဟု ခေါ်ဆိုသည်။ ထိုမုန့်သည် တရုတ်နှစ်သစ်ကူးတွင် ရေပန်းစားသောအစားအစာတစ်ခုဖြစ်သည်။

credit orgAvalokiteśvara Bodhisattva – 仰光觀音堂

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။