ဖခင်ကို ကွမ်းဖြတ်အောင် ပိုစတာတွေ ထောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ

International News
ဖခင်ကို ကွမ်းဖြတ်အောင် ပိုစတာတွေ ထောင်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ

ကွမ်းစားတာ အကျင့်ပါနေတဲ့ ဖခင်ကို ကွမ်းဖြတ်ဖို့ ဖိအားပေးခဲ့တဲ့ ထိုင်ဝမ်ကျောင်းသူတစ်ယောက်ရဲ့လုပ်ရပ်က အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသူ လျူက သူ့အဖေ ကွမ်းစားတာကို မကြိုက်ပါဘူး။ သူ့အဖေက ၁၀ နှစ်ကျော် ကွမ်းစားလာခဲ့သူပါ။ ကွမ်းမစားဖို့ ခဏခဏ ပြောပေမဲ့ သူ့အဖေက နားမထောင်ပါဘူး။ ဘယ်လိုမှ ပြောမရတဲ့အဆုံးမှာတော့ သူ့အဖေရဲ့ ဆိုင်ကယ်ပြင်ဆိုင်ရှေ့မှာ သူ့အဖေပုံနဲ့ ပိုစတာတွေ လိုက်ကပ်ပါတယ်။

” လျူမင်ဟောင်ကို ကွမ်းယာ မရောင်းကြပါနဲ့။ ကျွေးလည်း မကျွေးကြပါနဲ့။ လျူမင်ဟောင် ကွမ်းစားရင် သူ့သမီးက သူ့ကို ရိုက်တော့မှာ”လို့ ပိုစတာထဲမှာ ရေးထားပါတယ်။ သူ့အဖေရဲ့ ဆိုင်ကယ်ပြင်ဆိုင် မျက်နှာချင်းဆိုင်မှာ ကွမ်းယာဆိုင် ရှိပါတယ်။ ဒီပိုစတာကပ်ပြီးနောက်မှာ ကွမ်းယာဆိုင်က လျူမင်ဟောင်ကို ကွမ်းမရောင်းတော့သလို အိမ်နီးနားချင်းတွေကလည်း သူ့ကို ကွမ်းမကျွေးရဲကြတော့ပါဘူးလို့ ဆိုပါတယ်။

လျူမင်ဟောင်ကလည်း ကွမ်းဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီလို့ ဆိုပါတယ်။ ထိုင်ဝမ်မှာ ကွမ်းစားသူ ၂ သန်းဝန်းကျင်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ Taipei Times သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်ဝမ်မှာ နှစ်စဉ်နှစ်တိုင်း ခံတွင်းကင်ဆာ ခံစားရသူ ၈၀၀၀ ဝန်းကျင်ရှိပြီး thayဆုံးသူ ၃၀၀၀ ရှိနေတယ်လို့ ထိုင်ဝမ်ဆေးရုံတစ်ရုံမှ သွားနှင့် ခံတွင်းဌာန ပါမောက္ခက ပြောပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။