ရှန်ဟိုင်းမြို့မှာ ရိုက်ကူးခဲ့တဲ့ တရုတ်နှစ်သစ်ကူးအမှတ်တရပုံလေးတွေကို မျှဝေလာတဲ့ လိုက်ဖက်ညီနေတဲ့ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံ

Celebrity Local News
ရှန်ဟိုင်းမြို့မှာ ရိုက်ကူးခဲ့တဲ့ တရုတ်နှစ်သစ်ကူးအမှတ်တရပုံလေးတွေကို မျှဝေလာတဲ့ လိုက်ဖက်ညီနေတဲ့ ဝတ်မှုန်ရွှေရည်တို့ ဇနီးမောင်နှံ

မင်းသမီး ဝတ်မှုန်ရွှေရည်ဟာဆိုရင် အနုပညာလောကကိုစတင်ဝင်ရောက်လာကတည်း ကချစ်စရာ ပုံစံလေးကြောင့် ပရိသတ်တွေသတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အကြာကြီး ကျင်လည်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ချက်ကောင်းတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အကယ်ဒမီဆုကြီးကိုပါရရှိထားသူဖြစ်ပြီး အခုချိန်မှာဆိုရင် ထိပ်တန်းမင်းသမီးစာရင်းဝင်တယောက်ဖြစ်နေပါပြီ။

မကြာသေးခင်လပိုင်းမှာတော့ ဝတ်မှုန်ရွှေရည်က ချစ်သူဖြစ်သူ VEVE အချိုရည်ကုမ္ပဏီရဲ့ ဒါရိုက်တာ မော်ဒယ်သရုပ်ဆောင် မိုးစက်ဝိုင်ရဲ့အစ်ကိုဖြစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပွဲကြီးကိုလည်း ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ပရိသတ်တွေကြား အတော်လေးနာမည်ကြီးရေပန်းစားခဲ့တဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အခုတစ်ခါမှာတော့ သူမရဲ့ချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တရုတ်နှစ်သစ်ကူးကို အတူတူဖြတ်သန်းခဲ့တဲ့ ချစ်စရာအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။