၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ကျန်းမာရေးအားဖြင့် ပုံမှန် အနေအထားတွင် ရှိနေပါလိမ့်မယ်။ ရာသီအလိုက် ရောဂါအချို့ ဝင်ရောက်နိုင်ပေမယ့်လို့ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် အာရုံစူးစိုက်မှုအရ အနည်းငယ် အားနည်းနေတတ်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် ထိုက်တန်သော ဝင်ငွေ ပမာဏကို ရရှိနိုင်ပါမယ်။ အစိုးရ ကဏ္ဍနှင့် ပက်သက်နေပါက ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝသို့ ဧည်သည်များ ရုတ်တရက် လာရောက်လည်ပတ်နိုင်ခြေ ရှိနေပါတယ်။ ပျော်ရွှင်ဖွယ် အခိုက်အတန့်များနှင့် အတူ မိသားစု ဘဝအား ယခင်ထက် အချိန်ပိုမိုပေးနိုင်ပါလိမ့်မယ်။

ပြိဿရာသီခွင် – Taurus ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အနည်းငယ် အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အခြားသူများနှင့် စကားပြောဆိုရာတွင် အနည်းငယ် ချီတုံချတုံ ခံစားရတတ်ပါတယ်။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါတယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ ဝင်ငွေ တိုးပွားနေပါမယ်။ သို့သော် တခါတရံ လွှဲချော်နိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝသည် ပိုမိုသာယာလာဖွယ် ရှိနေပါတယ်။ ကြုံတွေ့နေရသော ပြဿနာများမှ လွတ်မြောက်ကာ နားလည်မှု အားကောင်းနေပါမယ်။ ဒါ့အပြင် ပတ်ဝန်းကျင် အသိုင်းအဝိုင်းများကြား ပျော်ရွှင်မှုများ ပိုင်ဆိုင်နိုင်ပါမယ်

မေထုန်ရာသီခွင် – Gemini ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးအရ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ ဒါ့အပြင် အားကစားများ၊ ပြင်ပလှုပ်ရှားမှုများတွင် ပါဝင် ဆောင်ရွက်ပေးပါ။ အထူးသဖြင့် အိမ်ထောင်သည် ရာသီခွင်များ အနေနှင့် အစောပိုင်း ကာလတွင် မိမိတို့၏ သားသမီးများကို ဂရုစိုက်ပေးပါ။

ကျန်းမာရေး ညံ့ဖျင်းမှုကြောင့် ငွေကြေးများစွာ သုံးစွဲရတတ်ပါတယ်။ ဘဏ္ဍာရေးအရ ပိုမိုအားထုတ်ရမည့် အနေအထားတွင် ရှိနေပါတယ်။

ဤကာလအတွင်း မိသားစုဝင်များကြားတွင် နွေးထွေးမှု ပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် မိမိ၏ မိသားစုဘဝအတွက် အချိန်ပေးကာ လိုအပ်ချက်များ သိရှိအောင် ကြိုးစားပေးပါ။ မိမိ၏ အပြုအမူ၊ အလုပ်ကိစ္စတို့ကြောင့် ထိခိုက်မှု မရှိစေရန် ဂရုစိုက်ပေး ရပါမယ်။

ကရကဋ်ရာသီခွင် – Cancer ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ထွက်ပေါ်လာပါမယ်။ အသေးအမွှား ပြဿနာများ ဖြစ်ပေါ်နိုင်သော်လည်း ကြီးကြီးမားမား ဝေဒနာများနှင့် ရင်ဆိုင်ရမည် မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယခင်ထက် ပိုမို ကျန်းမာလာပါမယ်။

ငွေရေးကြေးရေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ မိမိကြိုးစား အားထုတ်သလောက် အကျိုးခံစားခွင့် ရရှိနိုင်ပါမယ်။ ဒါ့အပြင် ငွေကြေး ကူညီထောက်ပံ့မှုများလည်း ရှိနေပါမယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစု ဘဝတွင် အတက်အကျများ ရှိနေတတ်ပါတယ်။ အထူးသဖြင့် မိမိချစ်ခင်ရသူနှင့် မိသားစုဝင်များ အကြား အငြင်းပွားမှု အချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြဿနာများကြားတွင် ‌ညှိနှိုင်းဖြေရှင်းရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( February 12 to February 18 )
===============================================

ယခုအပတ်တွင် အချို့သော Leo ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာများကြောင့် ဆေးရုံသို့ သွားရောက်နိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် အစောပိုင်း ကတည်းက မိမိ၏ ကျန်းမာရေးကို အသေအချာ ဂရုစိုက်ပေး ရပါမယ်။

ငွေကြေးအားဖြင့် ကံတရားသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါတယ်။ လုပ်ငန်းဆောင်တာများ အောင်မြင်ကာ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ရင်းနှီးမြုပ်နှံမှု အသစ် ပြုလုပ်လိုပါက အသေချာ စစ်ဆေးပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း မိမိ၏ နေအိမ်သို့ ဧည့်သည်သစ်များ လာရောက် လည်ပတ်ဖွယ် ရှိနေပါတယ်။ ပျော်ရွှင်စရာ အခိုက်အတန့်များနှင့် အတူ မိသားစုဝင်များနှင့် အချိန်အတူ ကုန်ဆုံးနိုင်ပါမယ်။

ကန်ရာသီခွင် – Virgo ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ အကယ်၍ မျက်စိနှင့် ပက်သက်၍ ဝေဒနာ ခံစားနေရပါက သက်သာရာ ရရှိပါလိမ့်မယ်။ ကောင်းမွန် မှန်ကန်သော စောင့်ရှောက်မှုတို့ဖြင့် မိမိ၏ ကျန်းမာရေးကို ထိန်းသိမ်းပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ‌ဝင်ငွေ အားကောင်းကာ ချမ်းသာမှု တိုးတက်စေနိုင်ပါမယ်။ အကယ်၍ ဆွေမျိုး သို့မဟုတ် နီးစပ်သူ တစ်ဦးဦးနှင့် စီးပွားရေး မိတ်ဖက်လုပ်နေပါက အရေးကြီးသော ဆုံးဖြတ်ချက် ချမှတ်ရတတ်ပါတယ်။

ဤကာလအတွင် ပစ္စည်းဥစ္စာ ပျောက်ဆုံးနိုင်ခြေ ရှိနေသောကြောင့် သတိထားပေးပါ။ မိသားစု ပတ်ဝန်းကျင်အတွင် ပျော်ရွှင်မှုတို့နှင့် အတူတူ အချိန်ကုန်ဆုံးနိုင်ပါမယ်။

တူရာသီခွင် – Libra ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ အားကစားနှင့် ပြင်ပလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ဆုံးရှုံးသွားသော စွမ်းအင်များ ပြန်လည် ရရှိစေပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိစေနိုင်ပါမယ်။ ကြိုးစားအားထုတ်မှုတို့ဖြင့် ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ ယခင် ရယူထားသော အကြွေးများကို ပြန်လည် ပေးဆောင်နိုင်ပါမယ်။ ဤကာလအတွင်း မိတ်ဆွေ၊ အပေါင်းအသင်းတို့၏ ပံ့ပိုးကူညီမှုကို ရရှိနိုင်ပါမယ်။

သို့သော် မိသားစု အတွင်း အသေးအဖွဲ့ ကိစ္စရပ်များ အပေါ် သဘောထား ကွဲလွဲမှုတို့ကြောင့် အနှောင့်အယှက် ဖြစ်စေနိုင်ပါမယ်။ ဒါ့ကြောင့် မနှစ်သက်ဖွယ် ခံစားချက်များ ခံစားရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် သွေးပေါင်ချိန်၊ ဆီးချိုရောဂါ သို့မဟုတ် အဝလွန်ရောဂါ ခံစားနေရသော ရာသီခွင်များ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကိုလက်စထရော ပမာဏကို ထိန်းသိမ်းရန် ကြိုးစားသင့်ပါတယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ မိမိကြိုးစားအားထုတ်မှုအတိုင်း ငွေကြေး အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ ကံတရား၏ အထောက်အပံ့တို့ဖြင့် ငွေကြေး ကြပ်တည်းမှုများမှ လွတ်မြောက်နိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အနေအထားတွင် ရှိနေပါိလိမ့်မယ်။ သို့သော် ရက်သတ္တပတ် အစောပိုင်းတွင် ညံ့ဖျင်းနေတတ်၍ ပိုမို ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအရ အရောင်းအဝယ် ကိစ္စရပ်များ ပြုလုပ်ရာတွင် သတိထားပေး ရပါမယ်။ လိမ်လည် လှည့်ဖျားမှုတို့နှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။ မှန်ကန်သော လမ်းကြောင်းတို့ဖြင့်သာ ငွေကြေး ရှာဖွေပါ။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်စရာကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်ပါမယ်။ မိသားစုဘဝကို အေးချမ်းစွာ ဦးဆောင်နိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ သို့သော် ကိုယ်ဝန်ဆောင် မိခင်များ အနေနှင့် နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့်အခါ သတိထားပေး ရပါမယ်။

ငွေရေးကြေးရေး အရ အကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ အသေးစား အိမ်ခြံမြေ လုပ်ငန်း၊ ငွေကြေး အပြောင်းအလဲများ ပြုလုပ်ရန် အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ သို့သော် ကြီးကြီးမားမား ရင်နှီးမြုပ်နှံရန် အတွက် အဆင်သင့် မဖြစ်နိုင်သေးပေ။ အတွေ့အကြုံ ရှိသူများထံမှ အကြံဉာဏ်များကို ဦးစွာ ရယူပေးရပါမယ်။

ဤကာလအတွင်း Capricorn ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။

ကုမ်ရာသီခွင် – Aquarius ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး ရှုထောင့်အရ ကျန်းကျန်းမာမာ နေထိုင်နိုင်ပါမယ်။ ကြီးကြီးမားမား ကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော်လည်း နေ့စဉ် နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပြီး အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။

ငွေရေးကြေးရေး အရ စိတ်လှုပ်ရှားဖွယ် အခြေအနေသစ်များနှင့် ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေး အကျိုး ခံစားခွင့်များကြောင့် အရင်ထက် ဘဏ္ဍာရေး အခြေအနေ ပိုမို အားကောင်းနေပါမယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပေါ့ပေါ့ပါးပါးဖြင့် ဖြတ်သန်းနိုင်ပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များ ပိုင်ဆိုင်နိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( February 12 to February 18 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရောဂါ၊ ဝေဒနာဟောင်းများမှ လွတ်မြောက်ဖွယ် ရှိနေပါတယ်။ သို့သော် မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးမိပါစေနှင့်။ ပင်ပန်းနွမ်းနယ်မှုနှင့် အတူ စိတ်ဖိစီးမှုများ တိုးလာနိုင်ပါမယ်။ ဒါ့ကြောင့် လုံလုံလောက်လောက် အနားယူပေးပါ။

ငွေရေးကြေးရေး အရ ပုံမှန်အတိုင်း လည်ပတ်နေပါမယ်။ သို့သော် ကုန်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် ငွေကြေး ပိုမို ကုန်ကျဖွယ် ရှိနေပါတယ်။ အပြောင်းအလဲ ကိစ္စရပ်တို့ကြောင့် အထွက်ငွေ ကြမ်းနေတတ်ပါတယ်။

အကယ်၍ မိသားစုဝင်ထဲမှ ကျန်းမာရေး ပြဿနာနှင့် ကြုံတွေ့နေပါက ယခုအပတ်တွင် ကျော်လွှားနိုင်ပါမယ်။ မိသားစုဝင်များနှင့် အတူ ဘာသာရေး လုပ်ငန်းများ၊ အလည်အပတ် သွားရောက်ခြင်းများ စီစဉ်နိုင်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။