ထိုင်းလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ကနေဒါခရီးသည်က စိတ်ကယောင်ခြောက်ချား ဖြစ်ပြီး အရေးပေါ်တံခါး ဖွင့်ခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့

International News
ထိုင်းလေကြောင်းလိုင်း လေယာဉ်ပေါ်မှာ ကနေဒါခရီးသည်က စိတ်ကယောင်ခြောက်ချား ဖြစ်ပြီး အရေးပေါ်တံခါး ဖွင့်ခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့

ချင်းမိုင်ကနေ ဘန်ကောက်ကို ပျံသန်းမယ့် ထိုင်းလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်း ပျံတက်လုဆဲဆဲအချိန်မှာ ကနေဒါနိုင်ငံသား ခရီးသည်တစ်ဦးက အရေးပေါ်တံခါး ဖွင့်ခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။ ကနေဒါခရီးသည်က အရေးပေါ်တံခါးကို ဖွင့်ခဲ့လို့ လေမှုတ်လျှောလှေကား ပွင့်ပြီး လေယာဉ်ပျံတက်မရ ဖြစ်ခဲ့တာပါ။
” လေယာဉ်တစ်စင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာ။ ပေ ၃၀၀၀၀ အမြင့်မှာသာ ပျံနေရင် ဘာတွေ ဖြစ်သွားမလဲ မတွေးဝံ့အောင်ပဲ” လို့ အဲဒီလေယာဉ်ပေါ် လိုက်ပါခဲ့သူ အာနန်ယာက ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်ဟာ ဆိုက်ကပ်ရာ နေရာဆီ ပြန်လာခဲ့ပြီး ခရီးသည်တွေကို ဆင်းခိုင်းခဲ့ရပါတယ်။ နည်းပညာရှင်တွေက လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ ပျံသန်းဖို့ စိတ်ချရတဲ့ အနေအထားရှိကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ကနေဒါခရီးသည်ကိုတော့ ရဲအရာရှိတွေက လာခေါ်သွားပြီး ရဲစခန်းမှာ စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။

” လေယာဉ်အရေးပေါ်တံခါး ဖွင့်ခဲ့တယ်လို့ သူ ဝန်ခံခဲ့ပါတယ်။ စိတ်ကယောင်ခြောက်ချား ဖြစ်သွားလို့ အခုလို လုပ်ခဲ့ပုံပါပဲ”လို့ ကနေဒါခရီးသည်ရဲ့ ရှေ့နေက ပြောပါတယ်။ သူ့လုပ်ရပ်ကြောင့် ချင်းမိုင်လေဆိပ်ကနေ ထွက်ခွာမယ့် အခြားလေကြောင်းခရီးစဉ် တစ်ဒါဇင်ကျော် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။