Today’s Affirmation – Ten of Wands (Upright)”

Astrology
Today’s Affirmation – Ten of Wands (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Today’s Affirmation – Ten of Wands (Upright)” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Today’s Affirmation – Ten of Wands (Upright)”
Tarot Card Mockup

 

Ten of Wands ကတ်လေးက လောကရဲ့အလည်မှာ မနိုင်ဝန်ထမ်းနေမိတဲ့ကိုယ့်အတွက် သတိပေးစကားလေးတစ်ခွန်း ပါးလိုက်ပါတယ် ။ ကိုယ်ကသိပ်ဇွဲရှိတယ် ၊ အရှုံးမပေးဘူး သိပ်ကြိုးစားတယ်ဆိုတာရဲ့အနောက်မှာ တာဝန်တွေတာဝန်တွေ ကိုယ့်အတွက်ပုံလာပါတယ် ။

ကိုယ်တိုင် အလုပ်ပြီးမြောက်ရင်ပျော်တယ် ။ ကိုယ့်ကြောင့် သူများအဆင်ပြေသွားလည်းပျော်တယ် ။ ကိုယ်ဖြစ်စေ ကိုယ့်မိဘ ချစ်သူအိမ်ထောင်ဖက်စတဲ့ ကိုယ်ချစ်ခင်ရသူတစ်ဦးတစ်ယောက်လောက် ကိုယ့်ကြောင့်တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်စေ အကျိုးအမြတ်ရှိသွားရင်ကို အမောပြေနေတဲ့ကိုယ့်အတွက် Responsibility ဆိုတာ ရှင်သန်ခြင်းအားအင်တစ်ခုပါပဲ ။

ဒီကတ်လေးကိုမြင်လိုက်တဲ့အခါမှာ ကိုယ်မေ့လျော့နေတဲ့ ပင်ပန်းမှုဒဏ်တွေကိုလည်း ပြန်ကြည့်ဖို့လိုပါတယ် ။

ကိုယ့်မှာ နာဖို့မအားတဲ့ဒဏ်ရာတွေ ရှိနေတယ် ၊ ကိုယ့်မှာ ထိုင်ချဖို့မဖြစ်သေးတဲ့ ညောင်းကိုက်မှုတွေရှိနေတယ် ။ တစ်ချိန်အသာစံဖို့အတွက် အနာခံနေတဲ့ခြေထောက်တွေလည်း ရှိနိုင်သလို သံယောဇဥ်မကုန်လို့လွှတ်မချနိုင်သေးတဲ့ မီးခဲအပူတွေလည်း ကိုယ့်လက်ထဲရှိနေနိုင်တယ် ။ ဒါမှမဟုတ် ကိုယ်လွန်ကျူးထားတဲ့အရာကို မှားမှန်းသိရက်တောင်းပန်ဖို့ စကားရှာခက်နေသလား? တောင်းပန်ဖို့မရဲဖြစ်နေသလား? ကိုယ့်ကိုကိုယ်အသိဆုံး ဖြစ်ပါလိမ့်မယ် ။

ကိုယ်က.. မိသားစုအတွက် ပြည်ပ(သို့)နယ်မြေရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူလား? ဒီဘဝထက်ပိုမြင့်ဖို့အတွက် စာတွေကုန်းကျက် အလုပ်တွေဖိလုပ်နေတဲ့သူလား? အချစ်ရေး/အိမ်ထောင်ရေးမှာဆိုလည်း ကတ်လေးထဲကအတိုင်း အလုပ်မဖြစ်နိုင်တာကြီးကို လက်ကျန်အားတွေနဲ့ တစစီကွဲထွက်မသွားအောင် တင်းခံနေရလား?.. ဒီလို ဒီလို ကိုယ်နိုင်တာထက် ပို Run မိတာလေးတွေ ကိုယ်ပြန်ကြည့်ဖို့လိုပါတယ် ။

သတင်းကောင်းကတော့ ဒီကတ်လေးက အရှုံးပေးလိုက်ဖို့ပြောတာမဟုတ်ပါဘူး ။ ခတ္တခဏအနားယူဖို့ရယ် ၊ တန်ရဲ့လား ပြန်ပြီးမေးခွန်းထုတ်ဖို့ရယ် ၊ မလိုတဲ့ဖိအားတွေမယူဖို့ရယ်ပဲ သတိပေးချင်တာပါ ။

ဒီတစ်ရက်ကစပြီး တာဝန်ကျေချင်တဲ့ကိုယ့်အတွက် တာဝန်အသစ်တွေမရှာကြံမိဖို့လိုတယ် ။ လုပ်နိုင်တာလေးလုပ်ပေးပါ ၊ ပေးနိုင်တာလေးပေး.. ဒါပြီးရင်တော့ ကိုယ့်အတွက်အချိန်တွေ ပြန်ရှာဖို့လိုတယ် ။ ကိုယ်မြန်မြန်ကြိုးစားရင် ပန်းတိုင်မြန်မြန်ရောက်မယ်ဆိုပေမယ့် ကိုယ်ကဒီတစ်ခုနဲ့ရပ်တန့်မယ့်လူလည်း မဟုတ်ဘူးလေ ။ ဒီနှုန်းနဲ့သွားရင် တချိန်ဟပ်ထိုးလဲကျသွားလိမ့်မယ် ။ ကိုယ်က မိုင်ကုန်နင်းနေတဲ့ကားတစ်စီးနဲ့တူနေတယ်.. သွားတာလည်းသွားပါ ၊ လမ်းကရှုခင်းတွေလည်း မြင်အောင်ကြည့်ဖို့လိုပါတယ် ။ မဟုတ်ရင်တစ်ချိန်မှာ ကိုယ်အသက်ရှင်ရခြင်းအကြောင်းကို မေးခွန်းထုတ်လာမိဖို့ ရှိနေတယ် ။

နောက်ပြီးကိုယ်က ဒီနိုင်ငံကထွက်နိုင်ဖို့ ၊ ဆင်းရဲတွင်းကလွတ်နိုင်ဖို့ ၊ မိဘတွေအတွက် အားကိုးရတဲ့သားသမီးဖြစ်ဖို့ ၊ သားသမီးတွေအတွက် ပြည့်စုံအောင်ထားနိုင်မယ့်မိဘဖြစ်လာဖို့.. စသဖြင့် စသဖြင့် အကြောင်းအရင်းများစွာကြောင့် အားတင်းပြီးမနိုင်ဝန်ထမ်းနေမိတာလည်း ဖြစ်မယ် ။ အဆင်မပြေတဲ့အိမ်ထောင်ရေးကြီးအတွက် ပေးထားတဲ့အချိန်တွေနှမြောလို့ ပတ်ဝန်းကျင်ကပြောမှာစိုးလို့ အိမ်ကစိတ်ဆင်းရဲမှာစိုးလို့ ဇာတ်မြောကြီးလိုက်နေတဲ့သူလည်း ဖြစ်နိုင်တယ် ။

အတ္တဟိတပြည့်မှ ပရဟိတကိုကောင်းကောင်းဖြည့်နိုင်မယ် ။ ဒီကတ်ကလေးကတဆင့် ရင်ဖွင့်သင့်သူကို ရင်ဖွင့်ပါ ၊ တိုင်ပင်သင့်သူကို တိုင်ပင်ပါ ။ တစ်ယောက်ထဲဖြေရှင်းနေခြင်းက ရပ်တန့်ဖို့သတိပေးနေပါတယ် ။ ကိုယ်ဆက်လျှောက်သင့်ရဲ့လား လျှောက်သင့်တယ်မြင်ရင် အနားယူ ၊ စိတ်လေးအပန်းဖြေ.. ဒီအခါကိုယ့်အတွေးတွေ ပိုပြီးရှင်းလင်းလာလိမ့်မယ် ။

မလျှောက်သင့်ဘူးလက်ခံရင်လည်း တအားကြီးစိတ်မပူနဲ့.. ကိုယ်ပြသနာဆယ်ခုလက်ခံထားမိရင် မရှင်းနိုင်တဲ့ပြသနာငါးခုလောက် Ignore လုပ်ထားလိုက် ။ မတတ်နိုင်ဘူးလေနော်.. တစ်ဆင့်ချင်းဆီသွားဖို့လိုနေတယ် ။ တွေးပူလို့မထူးတာတွေမေ့ထားပြီး တကယ်ဖြေရှင်းလို့ရတဲ့အရာတွေ တစ်ကြိုးချင်းဖြေဖို့ အကြံပေးပါတယ် ။

ကိုယ်သည်းမခံနိုင်တဲ့တစ်နေ့ ပျက်ဆီးပြိုကျဖို့တာဆူနေတဲ့အချစ်ရေးကြီးကို လက်ကျန်အားအင်တွေနဲ့ သိုင်းဖက်ထားနေရလား?.. တစစီလွင့်ကျခွင့်ပေးလိုက်ဖို့ တိုက်တွန်းပါတယ် ။ မပြတ်မသားဖြစ်နေတဲ့ကိုယ့်အတွက် ကိုယ်လှည့်ထွက်ဖို့အားတွေ ဒီကတ်ကလေးကပေးနိုင်ပါတယ် ။

တခါတလေ သူ့ဖက်ကိုယ့်ဖက်လုရတာမျိုးမှာ အားကုန်ပြိုင်ဆွဲရတာထက် လွှတ်ချလိုက်တာကလည်း အကောင်းဆုံးဖြေရှင်းနည်းတစ်ခုပါပဲ ။ ကိုယ့်အနားမှာအမြဲရှိသူတွေ ကိုယ့်ဖက်ကျန်ပါလိမ့်မယ် ။ ဘယ်လောက်မှန်မှန် သူ့ဖက်ရပ်တည်မယ့်သူကလည်း အကြောင်းအရင်းရှာကြံပြီး ကိုယ့်လက်ညိုးထိုးကြဦးမှာပဲ.. ။ ဒီအတွက် အချိန်ကုန်ခံမယ့်အစား ကိုယ့်ဖက်ကျန်တာလေးကောက်သိမ်းပြီး ဘဝမျက်နှာစာအသစ်ပြန်စတာ အများကြီးပိုကောင်းတယ် ။

ဒီကတ်ကလေးကိုမြင်တဲ့အခါမှာ ကိုယ်မနိုင်ဝန်ထမ်းမိနေတာတွေ မြင်အောင်ကြည့်ဖို့မျှော်လင့်သလို နိုင်တာထက်ပိုမသယ်မိဖို့ ၊ ကိုယ့်အတွက်မဟုတ်တာကို လုပ်မယူမိဖို့ ၊ ကျောင်းစာတွေနဲ့အလုပ်ဖိအားတွေက ခနလောက်အနားယူဖို့ ခရီးလေးဘာလေးထွက် စိတ်ပျော်တာလေးလုပ်မယ့်ခံယူချက်လေး အတွေးထဲဝင်လာဖို့မျှော်လင့်ပါတယ် ။

တခါတလေ “နေသာသလိုနေလိုက်ခြင်းကလည်း နေ’သာတဲ့နေ့ရက်တွေ ယူလာပေးနိုင်ပါတယ်”

ရေးသားသူ – ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။