ပါလက်စတိုင်းကို အစ္စရေး သိမ်းပိုက်မှု အိုင်စီဂျေ မှာ ကြားနာ

International News
ပါလက်စတိုင်းကို အစ္စရေး သိမ်းပိုက်မှု အိုင်စီဂျေ မှာ ကြားနာ

လူမျိုးတုံးthetဖြတ်တယ်လို့ အစ္စရေးကို စွပ်စွဲ

ပါလက်စတိုင်း လူမျိုးတွေ အစ္စရေး သိမ်းပိုက်မှုအောက်မှာ ကိုလိုနီစနစ်နဲ့ လူမျိုးခွဲခြားရေးစနစ်ဒဏ် ခံစားနေရကြောင်း ပါလက်စတိုင်း နိုင်ငံခြားရေး ဝန်ကြီး ရီယာ့ဒ် အယ်လ်မာလ်ကီက သည်ဟိဂ်မြို့ က ကုလသမဂ္ဂ ထိပ်တန်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ လူမျိုးတုံးthetဖြတ်မှု ကျူးလွန်နေတယ်လို့လည်း သူက အစ္စရေးကို စွပ်စွဲခဲ့ပါတယ်။

အရှေ့ဂျေရုစလင်အပါအဝင် အနောက်ဘက်ကမ်းမှာလည်း နောက်ထပ် ပါလက်စတိုင်း ၃. ၅ သန်းကျော် ကိုလိုနီစနစ်နဲ့ လူမျိုးရေး ဖိနှိပ်မှုတွေ ကြုံနေရပါတယ် ဆိုပြီး မစ္စတာ မာလ်ကီက ပြောပါတယ်။

ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေး သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေ မှာ ပထမဆုံး ကြားနာတဲ့ရက်မှာပဲ မစ္စတာ အယ်လ် မာလ်ကီက ဒီလို စွပ်စွဲခဲ့တာပါ။

ဒီကြားနာမှုလုပ်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံက လွန်ခဲ့တဲ့ ၁၅ လ ကတည်းက ညွှန်ကြားခဲ့ပြီး နောက်တပတ် တနင်္လာနေ့ထိ ဆက်ပြီး ကြားနာသွားဖို့ ရှိပါတယ်။

တရားသူကြီးတွေဆီက ပူးပေါင်း လိုက်နာစရာ မလိုတဲ့ အကြံပြုမှု ပေးဖို့ကတော့ နောက်လတွေနဲ့ချီပြီး ကြာနိုင်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။