ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်တယ်လို့ ထိုင်းသံရုံးကြေညာ

International News
ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်တယ်လို့ ထိုင်းသံရုံးကြေညာ

ရန်ကုန်ထိုင်းသံရုံးမှာ ထိုင်းဗီဇာရဖို့ လျှောက်ထားသူတွေ

ထိုင်း ဗီဇာရဖို့ ရက်ချိန်းတွေကို အွန်လိုင်း‌ကလျှောက်ထားနိုင်ပြီး တစ်ရက်ကို လူဦးရေ (၂၀၀)နှုန်းရက်ချိန်းပေမယ်လို့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက ကြေညာလိုက်ပါတယ်။ ဒါအပြင် လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီးရက်ချိန်းယူတာဆက်ရှိမှာဖြစ်ပြီး အဲဒီမှာလည်း တစ်ရက်ကို (၂၀၀) စီခွဲထုတ်ပေးမယ်လို့ဆိုပါတယ်။

အွန်လိုင်းရက်ချိန်းစနစ်ကို လာမယ့် ဖေဖော်ဝါရီလ(၂၂)ရက် ကြာသပတေးနေ့ကစတင်မှာဖြစ်ပြီး https://thaiconsularyangon.com/visa/ ကနေကော ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်ပါ QRကုဒ်ကပါ ဝင်ပြီးရယူနိုင်မှာပါ။ အွန်လိုင်းကလျှောက်တဲ့သူတွေက စလျှောက်တဲ့ရက်ကနေ တစ်လအတွင်း ရက်ချိန်းရတဲ့ရက်တွေမှာ ရက်ရွေးယူနိုင်မှာဖြစ်ပါတယ်။

လူကိုယ်တိုင်လျှောက်သူတွေကတော့ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ(၂၁)ရက် နေ့လည်(၂)နာရီမှာ တန်းစီထုတ်ယူရမှာဖြစ်တယ်လို့ သံရုံးကြေညာချက်မှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ (၂၂) နဲ့ (၂၃) ရက်တွေအတွက် တစ်ရက်တိုကင်(၂၀၀)နဲ့ လူဉီးရေ(၄၀၀)စာအတွက်ထုတ်ပေးမှာဖြစ်ပါတယ်။

နောက်တစ်ပတ်တနင်္လာနေ့ လူကိုယ်တိုင် တန်းစီစောင့်ဆိုင်းတဲ့အရေတွက်ကိုကြည့်ပြီး ရက်ချိန်တွေကိုအွန်လိုင်းက ထုတ်ပေးဖို့ ဖြစ်နိုင်မဖြစ်နိုင်ကိုလည်း သံရုံးကဆက်ပြီးဆုံးဖြတ် ထုတ်ပြန်ပေးသွားဖို့လည်း ရှိနေတာပါ။

”အွန်လိုင်းကလျှောက်တာက နည်းပညာမရတဲ့သူဆိုခက်မှာပေါ့ ။ လိုင်းမကောင်းတာဘာညာနဲ့ ကျွန်မအတွက်တော့ ခက်တယ်”လို့ ထိုင်းဗီဇာရဖို့ကြိုးစားနေတဲ့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်မှုထမ်းဥပဒေအသက်ဝင်ပြီလို့ ‌ကြေညာလိုက်တဲ့နောက်မှာ ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်လျှောက်သူတွေများလာတဲ့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးကနေ လူဦးရေကန့်သတ်ပြီး ရက်ချိန်းထုတ်ပေးတဲ့ပုံစံကိုပြောင်းလဲတာခုဆိုရင် (၃)ခါမြောက်ရှိနေပြီဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။