အမေရိကန်က ယူကရိန်းအတွက် လတ်တလော စစ်‌ရေးအကူအညီထပ်ပေး

International News
အမေရိကန်က ယူကရိန်းအတွက် လတ်တလော စစ်‌ရေးအကူအညီထပ်ပေး

ဟာရီကိန်းမုန်တိုင်းလို့နာမည်ပေးထားတဲ့ ယူကရိန်းအမျိုးသားကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်တစ်ဦးကို ‌ရှေ့တန်းတစ်နေရာမှာ နိုဝင်ဘာလဆန်းတုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

အမေရိကန်သမ္မတအိမ်တော် အိမ်ဖြူတော်ဟာ ဒေါ်လာသန်း ၂၅၀ တန် နောက်ထပ်စစ်ရေးအကူအညီတွေကို ယူကရိန်းနိုင်ငံကိုပေးဖို့ အတည်ပြုလိုက်ပါတယ်။

အခုနောက်ဆုံးပေးမယ့် အကူအညီဟာ လေကြောင်းကာကွယ်ရေး၊ lat nat ကြီးနဲ့ lat natငယ် ခဲယမ်းမီးကျောက်တွေပါဝင်ပြီး တင့်ကားဖျက် lat nat တွေလည်း ပါဝင်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဒါပေမဲ့ ဒီအကူအညီဟာ ယူကရိန်းကို စစ်ရေးအကူအညီပေးရေးအတည်ပြုနိုင်ဖို့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေနဲ့ ကြန့်ကြာနေတဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်စ် လွှတ်တော်ရဲ့ ထောက်ခံချက်မလိုဘဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ယူကရိန်းကတော့ အနောက်နိုင်ငံရဲ့စစ်ရေးအကူအညီတွေ နောက်ထပ်ရောက်မလာဘူးဆိုရင် စစ်ဘက်ရေးရာအားထုတ်မှုနဲ့ နိုင်ငံ့ဘဏ္ဍာရေးအသုံးပြုနိုင်မှုအခြေအနေတွေမှာ စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်မှု ဆိုင်းနေတာနဲ့ ထိန်းချုပ်မှုအပိုင်းမှာအနည်းငယ် အပြောင်းအလဲဖြစ်လာချိန်မှာပဲ ယူကရိန်းအာဏာပိုင်တွေဟာ ဝါရှင်တန်နဲ့ ဥရောပမှာရှိတဲ့ မဟာမိတ်နိုင်ငံတွေကနေ အကူအညီရှိမှုအလားအလာနှောင့်နှေးမှုကြုံနေရတာဖြစ်ပါတယ်။

ယူကရိန်းရဲ့ စစ်ရေးအားထုတ်မှုတွေကို အမေရိကန် ကွန်ဂရက်စ်လွှတ်တော်မှာ ထောက်ပံ့မှု ကျယ်ကျယ်ပြန့်ပြန့်ရရှိထားပေမဲ့ ဘယ်စစ်ရေးအကူအညီပေးရေးသဘောတူညီချက်မှာမဆို အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံနယ်စပ်မှာ ပိုတင်းကြပ်တဲ့လုံခြုံရေးအစီအမံအတွက် ငွေကြေးသုံးစွဲမှုလည်း ပါဝင်ရမယ်ဆိုတဲ့ ရီပတ်ပလင်ကန်အမတ်တွေကြောင့် ယူကရိန်းကို နောက်ထပ် lat nat အကူအညီတွေပေးရေး သဘောတူညီချက်ဟာ ဟန့်တားခံနေရပါတယ်။

ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ နဲ့ အစ္စရေးအတွက် ၁၄ ဘီလျံအသုံးပြုမယ့် အရေးပေါ်အသုံးစရိတ် ဥပဒေမူကြမ်းဟာ အထက်လွှတ်တော်မှာ ရီပတ်ပလင်ကန်အမတ်တွေအားလုံးက ကန့်ကွက်မဲထည့်ခဲ့ကြလို့ အခုလအစောပိုင်းတုန်းက အတည်မပြုနိုင်ဖြစ်ခဲ့ပါတယ်။

ကန့်ကွက်ခဲ့ကြသူတွေထဲမှာ ဒီမိုကရက်အမတ်တွေနဲ့အတူ ထောက်ခံမဲပေးလေ့ရှိတဲ့ တစ်သီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဘာနီး ဆန်းဒါးစ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ အားလုံးဟာ ဟားမတ်စ်အဖွဲ့ကို နှိမ်နင်းရေး အစ္စရေးရဲ့စစ်ပွဲကိုတော့ စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။

များမကြာခင်မှာပဲ ထွက်ပေါ်လာခဲ့တဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ အမေရိကန်ခရီးစဥ်မှာလည်း အမေရိကန်အမတ်တွေ စိတ်ပြောင်းသွားအောင် မစည်းရုံးနိုင်ခဲ့ပါဘူး။

ဗုဒ္ဓဟူးနေ့တုန်းက ပြုလုပ်တဲ့ကြေညာချက်မှာတော့ ကွန်ဂရက်စ်လွှတ်တော်ရဲ့အကူအညီမလိုတဲ့ ပင်တဂွန်စစ်ဌာနချုပ်ထဲမှာ သိုမှီးသိမ်းဆည်းထားတဲ့ lat nat တွေလည်း အကူအညီပေးမယ့်အထဲမှာ ပါဝင်မှာဖြစ်ပါတယ်။

ယူကရိန်းကို အများဆုံးအကူအညီ‌ပေးနေတဲ့နိုင်ငံတွေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကတော့ အခုအကူအညီပေးမှုဟာ ‘‘ယူကရိန်းရဲ့ကိုယ်ပိုင်ခုခံကာကွယ်ခွင့်နဲ့ အနာဂတ်ခိုင်မာမှုကို အကူအညီပေးရင်း အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းရောက်အောင် ကွန်ဂရက်စ်လွှတ်တော်ထက် တတ်နိုင်သမျှ မြန်မြန် လုပ်ဆောင်မှု’’ လို့ ထုတ်ပြန်ကြေညာပါတယ်။

‘‘ကျွန်တော်တို့ရဲ့ကမ်းလက်ဟာ ရုရှားကျူးကျော်မှုကို ကိုယ့်နိုင်ငံ၊ ကိုယ့်လွတ်လပ်မှုအတွက် ကာကွယ်နေတဲ့ မိတ်ဖက်ယူကရိန်းကို ထောက်ပံ့ရေးမှာ အရေးပါပါတယ်’’ လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။

အခုလအစောပိုင်းတုန်းကတော့ ဥရောသမဂ္ဂဟာ ယူကရိန်းကို ပေးမယ့် ယူရိုငွေ သန်း ၅၀ ဘီလျံတန်အကူအညီပေးရေးကို ဟန်ဂေရီနိုင်ငံက ပိတ်ဆို့ဟန့်တားခဲ့ပါတယ်။

ယူကရိန်းဟာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံ ဘတ်ဂျတ်လိုငွေ ပြနေတာြဖစ်ပြီး အာဏာပိုင်တွေကတော့ အနောက်နိုင်ငံက အကူအညီတွေ ဆက်ပြီး မလာဘူးဆိုရင် အစိုးရဝန်ထမ်းတွေကို လစာပေးဖို့ ဆိုင်းငံ့ထားရနိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

‘‘မိတ်ဖက်နိုင်ငံတွေရဲ့ထောက်ပံ့မှုကို အလွန်အမင်းကို အရေးကြီးပါတယ်’’ လို့ ယူကရိန်းစီးပွားရေးဝန်ကြီးတာဝန်လည်း ယူထားတဲ့ ဒုတိယဝန်ကြီးချုပ် Yulia Svyrydenko က Financial Times နဲ့ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။ ‘‘အတော်လေးကို အရေးတကြီး လိုအပ်နေတာပါ’’

အဲဒီသတင်းစာမှာတော့ ဥရောပသမဂ္ဂက ဟန်ဂေရီရဲ့ထောက်ခံမှုမလိုဘဲ ယူကရိန်းကို အကူအညီ အနည်းငယ်ပေးနိုင်ဖို့ ဆွေးနွေးပြောဆိုမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး ဖေဖော်ဝါရီလဆန်းမှာ ဖြစ်လာနိုင်တယ်လို့ သတင်းဖော်ပြပါတယ်။

ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေနဲ့ ငွေကြေးအကူအညီပေးမှု နှေးကွေးနေချိန်မှာပဲ ရုရှား တပ်ဖွဲ့တွေဟာ နိုင်ငံအရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး အရေးပါတဲ့မြို့တစ်မြို့ကို အင်္ဂါနေ့တုန်းက သိမ်းထားပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးကတော့ သူ့တပ်ဖွဲ့တွေဟာ ယူကရိန်းတပ်ဖွဲ့တွေ တပ်ဆုတ်သွားတဲ့ မာရင်ခါမြို့ကို ပြန်သိမ်းထားလိုက်ပြီလို့ပြောပါတယ်။ အဲဒီမြို့ဟာ တိုက်ပွဲရဲ့ရှေ့တန်း စစ်မျက်နှာပြင်ဖြစ်နေတာ တစ်နှစ်ကျော်နေပြီဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။