မိဘမဲ့ဂေဟာက ကလေးတွေနဲ့အတူ တနေ့တာကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည် နှင့်ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်

Celebrity Local News
မိဘမဲ့ဂေဟာက ကလေးတွေနဲ့အတူ တနေ့တာကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတဲ့ ဝတ်မှုန်ရွှေရည် နှင့်ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်

မင်းသမီး ဝတ်မှုန်ရွှေရည်ဟာဆိုရင် အနုပညာလောကကိုစတင်ဝင်ရောက်လာကတည်း ကချစ်စရာ ပုံစံလေးကြောင့် ပရိသတ်တွေသတိထားမိပြီး အားပေးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အကြာကြီး ကျင်လည်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ချက်ကောင်းတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အကယ်ဒမီဆုကြီးကိုပါရရှိထားသူဖြစ်ပြီး အခုချိန်မှာဆိုရင် ထိပ်တန်းမင်းသမီးစာရင်းဝင်တယောက်ဖြစ်နေပါပြီ။


မကြာသေးခင်လပိုင်းမှာတော့ ဝတ်မှုန်ရွှေရည်က ချစ်သူဖြစ်သူ VEVE အချိုရည်ကုမ္ပဏီရဲ့ ဒါရိုက်တာ မော်ဒယ်သရုပ်ဆောင် မိုးစက်ဝိုင်ရဲ့အစ်ကိုဖြစ်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပွဲကြီးကိုလည်း ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ပရိသတ်တွေကြား အတော်လေးနာမည်ကြီးရေပန်းစားခဲ့တဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။

အခုတစ်ခါမှာတော့ ဝတ်မှုန်ရွှေရည်က ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော် နဲ့အတူ မိဘမဲ့ဂေဟာက ကလေးတွေကို တနေ့တာအာဟာရ လှုဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကို ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ ကစ်ကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။