နေကြာစေ့စားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀)မျိုး

Health Knowledge
နေကြာစေ့စားသုံးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၁၀)မျိုး

နေကြာစေ့ဟာ မြန်မာနိုင်ငံမှာဆိုရင် အလွယ်တကူ ရရှိနိုင်သလို လူတိုင်းနီးပါးကြိုက်တဲ့ အစားအစာဖြစ်ပါတယ်။နေကြာစေ့ဟာ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အရမ်းကိုကောင်းမွန်ပါတယ်။ဒါပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ အလွန်အကျွံမစားဖို့တော့ လိုပါတယ်။

(၁) နေကြာစေ့ဟာ နှလုံးကို ကျန်းမာစေတာကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေသလို၊ မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်

(၂) နေကြာစေ့ဟာ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးအဆစ်တွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။

(၃) နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေ စားသုံးပေးသင့်ပါတယ်။

(၄)နေကြာစေ့ထဲမှာ အသည်းကို ကျန်းမာစေတဲ့ ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ပြေစေပါတယ်။

(၅)နေကြာစေ့ထဲမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို ကြည်လင်ဝင်းပပြီး နုပျိုနေစေပါတယ်။

နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၆)နေကြာစေ့ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပြီး ပင်ပန်းမှုတွေအားလုံးကို ပြေလျော့သွားစေနိုင်ပါတယ်။

(၇)နေကြာစေ့ဟာ အသားဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သက်သတ်လွတ်စားသုံးသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။နေကြာစေ့စားတဲ့သူက အသားမစားရင်တောင် အသားဓာတ်ပြည့်နေပြီးသားဖြစ်နေမှာပါ။

(၈) နေကြာစေ့ဟာ အမျှင်ဓာတ်ကြွယ်ဝရုံသာမက ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ဝိတ်ကျပြီးသွယ်လျနေစေပါတယ်။

အနည်းငယ်စားရုံနဲ့ ဗိုက်ပြည့်စေနိုင်ပြီး အားအင်လည်းပြည့်ဖြိုးစေပါတယ်။

(၉) နေကြာစေ့ဟာ အသားအရေကို လှပစေရုံသာမက ဆံပင်ကိုလည်း သန်စွမ်းကျန်းမာပြီး ထူလာစေပါတယ်။

ခြေသည်းလက်သည်းတွေကိုလည်း ကျန်းမာစေပါတယ်။

(၁၀)နေကြာစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့်သွေးတိုးရောဂါရှိသူတွေအတွက်လည်း သွေးအားကို ထိန်းညှိပေးနိုင်ပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

credit:တိုင်းရင်းဆေး

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။