မြန်မာစာကျူရှင်တက်နေပြီး သေချာလေးသင်ယူနေတယ်ဆိုတဲ့ သရုပ်ဆောင် မေဂရေစ့်

Celebrity Local News
မြန်မာစာကျူရှင်တက်နေပြီး သေချာလေးသင်ယူနေတယ်ဆိုတဲ့ သရုပ်ဆောင် မေဂရေစ့်

သရုပ်ဆောင် မေဂရေစ့်ကတော့ ချစ်စရာမျက်နှာလေးနဲ့ နိုင်ငံခြားသူဆန်တဲ့ မျက်နှာပေါက်လေးကြောင့် လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ရင်ထဲနေရာတစ်နေရာယူထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး ကြော်ညာတချို့တလေကိုပဲ ရိုက်ကူးရင်း ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာကနေ သူမကိုချစ်တဲ့ ပရိသတ်ကြီးနဲ့ အဆက်သွယ်မပြတ် ပုံလေးတွေ တင်ပေးနေတာပဲဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ မြန်မာစကားကို ပိုလေးလေးနက်နက်သိချင်တဲ့အတွက် မြန်မာစာကျူရှင်တက်ပြီး သေသေချာချာလေ့လာဖြစ်နေတဲ့အကြောင်းပြောပြပေးလာတာပဲဖြစ်ပါတယ်။ မေဂရေစ့်.က ” ဂိုဒေါင် ဆိုတဲ့ စကားလုံးက ဘယ်က စတင်ခဲ့တာလဲတဲ့ ဆိုပြီး မြန်မာစာဆရာမလေးက မေးတော့ I Don’t know ဆိုပြီး ဖြေတော့ ဆရာမက ဗြိတိသျှတွေ ခေတ်တုန်းကတဲ့ ကားတွေကို သွားထုတ်ရင် Go Down .. Go Down…. ဆိုပြီးတော့ပြောရာကနေ ဂိုဒေါင် ဖြစ်လာတာဆိုပြီးတော့ ဆရာမက ရှင်းပြတယ်။ “လို့ မြန်မာစာ သင်ကြားနေရတဲ့အချိန် အဲ့လိုပြောပြတာလေးတွေကို စိတ်ဝင်စားတယ်လို့ ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ရုပ်/သံကြည့်ရန်- https://fb.watch/qMSAKQ7UGm/

ရေးသားသူ –Live Media

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။