လေယာဉ်မယ်ကို စားပွဲထိုးလို့ ပြောရင် အရမ်းစိတ်ဆိုးတယ်ဆိုတဲ့ မော်ဒယ်ခင်သဇင်

Celebrity Local News
လေယာဉ်မယ်ကို စားပွဲထိုးလို့ ပြောရင် အရမ်းစိတ်ဆိုးတယ်ဆိုတဲ့ မော်ဒယ်ခင်သဇင်

မော်ဒယ်ခင်သဇင်ကတော့ လေယာဉ်မယ်ဘဝကနေ အနုပညာမျိုးရိုးမရှိပေမဲ့ အနုပညာလောကထဲရောက်လာပြီး မော်ဒယ်ဖြစ်လာသူတယောက်ပါ။အခုလို အနုပညာလောကထဲကို ရောက်လာအောင် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုလည်း ခင်သဇင်က “ကိုစိုင်းက လေယာဉ်ပေါ်မှာ ဇင် ကို တွေ့ပြီး သူ့သီချင်းထဲမှာ ရိုက်ဖို့ခေါ်တာ။ကိုစိုင်းကို ဇင်က ချစ်တယ်။သူ့ကြောင့်ပဲ အနုပညာစလုပ်ဖြစ်ခဲ့တာပါ။လေယာဉ်မယ်ကနေ Oh Oh ဟော့တယ် ရို-က်လိုက်လို့ ဒီ လမ်းကြောင်းပေါ်ရောက်ခဲ့တယ်။” ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။

Khin Thazin | Vietnam dress, Hottest celebrities, Girl

May be an image of 1 person

May be an image of 1 person and smiling

အခုချိန်မှာတော့ အနုပညာရှင်တယောက်ဖြစ်ပေမဲ့ အရင်အလုပ်ဟောင်းဖြစ်တဲ့ လေယာဉ်မယ်အလုပ်ကိုလည်း မြတ်နိုးတန်ဖိုးထားနေဆဲဖြစ်ပါတယ်။”လေယာဉ်မယ်တွေရဲ့တာဝန်က ထင်ထားတာထက်ပိုပါတယ်။ ဆံထုံးလေးထုံး အလှပြင်ပြီး မုန့်ကျွေးရုံအတွက် လေယာဉ်ပေါ်တက်ရတာ မဟုတ်ဘူး။ Service က Second ၊ Safety က First ပါ။ လေယာဉ်မယ်စားပွဲထိုးလို့ပြောရင် အရမ်းစိတ်ဆိုးပါတယ်။ စာတွေအများကြီးကျက် အသက်စွန့်နိုင်ပြီး သူတစ်ပါးအားကိုးရလောက်တဲ့ အရည်အချင်းရှိလို့ စိတ်ဓာတ်‌တွေ မာကြတယ်။ လေယာဉ်မယ်ဖြစ်ခဲ့ဖူးတာကို အရမ်းတန်ဖိုးထားပြီး ဂုဏ်ယူပါတယ်” ဆိုပြီး လေယာဉ်မယ်အလုပ်အပေါ်သူ့ရဲ့သဘောထားကိုပြောပြပေးသွားခဲ့ပါတယ်။

https://fb.watch/qLIXfhJpth/

ရေးသားသူ –Let Pan NEws

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။