အလေးချိန် ၅၆၈၇ ပေါင်ရှိတဲ့ မီနီဘက်စ်ကားကို မုတ်ဆိတ်မွေးနဲ့ ဆွဲပြကာ ကမ္ဘာ့စံချိန်ချိုးခဲ့သူ

International News
အလေးချိန် ၅၆၈၇ ပေါင်ရှိတဲ့ မီနီဘက်စ်ကားကို မုတ်ဆိတ်မွေးနဲ့ ဆွဲပြကာ ကမ္ဘာ့စံချိန်ချိုးခဲ့သူ

အသက် ၃၅ နှစ်အရွယ် ယူကရိန်းလူမျိုး ဒါမီထရို ရွိုင်စကီ ဆိုတဲ့အမျိုးသားဟာ အလေးချိန် ၅၆၈၇ ပေါင် (၂၅၈၀ ကီလိုဂရမ်) ရှိတဲ့ မီနီဘက်စ်ကားကို မုတ်ဆိတ်မွေးနဲ့ ဆွဲပြကာ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ ယာဉ်ကို ဆွဲပြဖို့ကြိုးစားရင်း သူ့ရဲ့မုတ်ဆိတ်မွေးတွေ ပြတ်ထွက်သွားခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီအချိန်ကစပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း သူ့ရဲ့မုတ်ဆိတ်မွေးတွေကို ပိုရှည်လာအောင်လုပ်ခဲ့ပြီး မုတ်ဆိတ်မွေးကို တတ်နိုင်သမျှ ခိုင်ခံပြီး ကြိုးနဲ့တူလာစေဖို့ ကျစ်ဆံမြီးကျစ်နည်းအမျိုးမျိုးနဲ့ စမ်းသပ်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာတော့ အောင်မြင်သွားခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ စုနှစ်က အလေးချိန် ၄၃၀၃ ပေါင်ရှိတဲ့ ယာဉ်ကို မုတ်ဆိတ်မွေးနဲ့ ဆွဲပြခဲ့တဲ့ လစ်သူယေးနီးယားနိုင်ငံသား အန်တာနက်စ် ကွန်ထရီမာစ်ရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

ဒါမီထရိုက ကြိုးကို လည်ပင်းမှာထားပြီး အလေးချိန် ၁၇၁၀၇ ပေါင်ရှိတဲ့ယာဉ်ကို ဆွဲပြခဲ့ပြီးတော့လည်း ကမ္ဘာ့စံချိန်ချိုးခဲ့ပါသေးတယ်။ သူဟာ ဒီစံချိန်ကို ချိုးနိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်ကလည်း ပေါင် ၇၁၆၅၀ အလေးချိန်ရှိတဲ့ ရထားကို လည်ပင်းနဲ့ ဆွဲပြပြီးတော့ စံချိန်ချိုးခဲ့ပါသေးတယ်။ သူ့သွားနဲ့ ကားအများဆုံးဆွဲပြနိုင်တဲ့ စံချိန်ကိုလည်း ချိုးခဲ့ပါတယ်။ အရင်စံချိန်တုန်းက ကား ၆ စီးရှိခဲ့တာပါ။ အခု ကား ၇ စီးကို ဆွဲပြဖို့ ပြင်ဆင်နေပါတယ်။

ဒါမီထရိုက သူ့ရဲ့ကိုယ်ပိုင်စံချိန်တွေကို ချိုးဖို့နဲ့ စံချိန်အသစ်တွေချိုးဖို့ လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ သူ့ရဲ့ရည်မှန်းချက်က စံချိန်မှတ်တမ်းတွေအများကြီးကိုင်ဆောင်ထားသူဖြစ်ဖို့ပါပဲ။ သူက ဒီစံချိန်တွေကို တစ်နှစ်ကျော်ကြာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းနိုင်ငံအတွက် ရည်စူးသတ်မှတ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။