အာရှကျားကြီးပြန်နှိုးထလာတော့မလိုလိုနဲ့ သရေ တစ်မှတ်နဲ့သာကျေနပ်ခဲ့ရတဲ့ မြန်မာအသင်း

Local News Sports
အာရှကျားကြီးပြန်နှိုးထလာတော့မလိုလိုနဲ့ သရေ တစ်မှတ်နဲ့သာကျေနပ်ခဲ့ရတဲ့ မြန်မာအသင်း

မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ ဆီးရီးယားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကတော့ ၁ ဂိုးစီ သရေအနေနဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အနိုင် ၃ မှတ်ကိုလိုအပ်နေချိန်မှာ တစ်ဖက်ပြိုင်ဖက်က ဆီးရီးယားဖြစ်နေတာမို့လို့ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာတင် မြန်မာအသင်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး အချိတ်အဆက်မိမိနဲ့ ဆီးရီးယားအသင်းကို ကောင်းကောင်းထိုးဖောက်နိုင်ပြီး ဖိကစားနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ ပထမပိုင်းမှာတင် အဖွင့်ဂိုးကို ဘယ်သူမှမထင်ထားတဲ့ မြန်မာအသင်းက စတင်ဖွင့်လှစ် သွင်းပြသွားတာမို့ ပွဲကြည့်သူတွေ အံ့အားသင့်သွားရပါသေးတယ်။

ဒုတိယပိုင်းမှာတော့ ဆီးရီးယားအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အတော်လေးကောင်းမွန်ခဲ့တာကြောင့် မြန်မာအသင်းနောက်တန်းလည်းမတတ်သာပဲ ဂိုးခွင့်ပြုပေးလိုက်ရပြီး သရေဖြစ်သွားပြီး ပွဲပြီးတဲ့အထိ ရေကုန်ရေခမ်းကစားသွားခဲ့ကြတာတွေ့ရပါတယ်။ မြန်မာပရိသတ်တွေကလည်း ဆီးရီးယားလို အသင်းကို သူတင်ကိုယ်တင် ယှဉ်ကစားလာနိုင်တဲ့ မြန်မာအသင်းကို တိုးတက်လာကြောင်း ချီးကျူးနေကြတာတွေလည်း တွေ့ရပါတယ်။

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။